မကြာခဏဆိုသလိုဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေကြောင့် ပြည့်တွင်းခရီးသွားပြည်သူတွေများစွာထိခိုက်ဆုံးရှုံးခဲ့ရတာတွေ့ရပါတယ်။ ဒီကနေ့ အောက်တိုဘာလ(၂၃)ရက်နေ့နေ့လယ် ၁၀ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ မိုးဝေလမ်းနဲ့အေလမ်းအကြားမှာ အိမ်စီးကားလေးနဲ့တောင်ပေါ်သားခရီးသည်တင်ယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံးကြွေမွပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၈ဦးဒဏ်ရာပျင်းထန်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နေပြည်တော်မှ ယာဉ်မှူးစစ် တာဝန်ခံ ဒုရဲမှူး သောင်းထိုက်ဦးက "အသေးစိတ်ကတော့ မတင်သေးဘူးဗျ။ တူညီလမ်းတို့မှာ တိုက်ကြတာပေါ့။သေဆုံးသူမရှိပါဘူး။ ၁၈ ဦးဒဏ်ရာရပါတယ်။တစ်ယောက်မှ စိုးရိမ်ရတဲ့အခြေအနေမှာ မရှိပါဘူး"လို့ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရှိသွားတဲ့ ခရီးသည် ၁၈ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယှှှှုရန် ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ရာသီဥတု ဆိုးဝါးမှုကြောင့် မကြာခဏဆိုငလိုတိမ်မှောက်နေတဲ့ အဆိုပါလမ်းတွေမှာ ယာဉ်မောင်းညီအကိုများ သတိပြုမောင်းနှင်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Photo-Ko Ko Paing Paing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။