လီဗာပူးလ် အသင်းဟာ လာမည့်ရာသီမှာ ကစားသမားတွေခေါ်ယူဖို့အတွက် ကစားသမား ၅ယောက် သို့မဟုတ် ၆ ယောက်လောက်ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။ အဲဒီအထဲမှာ အာဆင်နယ်အသင်းရဲ့ပစ်မှာ လာကာဇတ်တီ လည်း အပါအဝင်ဖြစ်တယ်လို့သိရပါတယ်။

ကြိုးကြာနီနီတို့ဟာ လာမည့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရရှိခဲ့ပါက လက်ရှိလူအင်အားကို ထပ်မံအင်အားဖြည့်တင်းဖို့လိုအပ်နေပြီး ကလေ့ပ်ရဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့သီတင်းပါတ်များအတွင်းမောပန်းနေပုံပေါက်နေပါတယ်။

လီဗာပူးလ်းအသင်းဟာ နှစ်သစ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိခဲ့သေးပြီး ကလော့ပ် ဟာ လညမည့်နွေရာသီမှာ လာကာဇတ်တီ နဲ့ လစ်ပ်ဇစ် ရဲ့ ကွင်းလယ်လူ နာဘီ ကီတာ တို့ကို ခေါ်ယူဖို့ အစီအစည်များချမှတ်ပြီးနေပြီလို့သိရပါတယ်။

အာဆင်နယ်အသင်းကလည်း ဆန်းချက်စ် ရဲ့နေရာကို အစားထိုးဖို့အတွက် ပေါင်သန်း ၆၀ တန် လာကာဇတ်တီ ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေပြီး လီဗာပူးလ် အသင်းက အပြိုင်ခေါ်ယူမှုပြုလုပ်လာလိမ့်မယ်လို့ Daily Mirror က ဖေါ်ပြခဲ့ပါတယ်။

ကလော့ပ်အကြိုက် ကော်တင်ညို၊ ဖာမီနိုနဲ့ မာနေး တို့ဟာ တိုက်စစ်မှူးစစ်စစ်များ မဟုတ်ကြပဲ ဒန်နီရယ်စတားရိုက်ရဲ့ ကျဆင်းနေတဲ့ ခြေစွမ်းကြောင့် လာကာဇတ်တီ ကို ခေါ်ယူခဲ့ရင့် မာဆေးဆိုဒ်အသင်းအတွက် အကောင်းဆုံးတိုက်စစ်မှူးခေါ်ယူမှုဖြစ်လာဖွယ်ရှိနေပါတယ်။

လာကာဇတ်တီဟာ ဒီရာသီမှာ ၃၁ ပွဲကစားပေးထားပြီး ၂၇ ဂိုးသွင်းယူနိုင်ခဲ့ကာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားပြနေတဲ့ကစားသမားဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။