" ဘန်ကောက်မှမန္တလေးသို့ " ဇာတ်ကားနဲ့ ထိုင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ စိုင်းစိုင်းခမ်းလှိုင်မှ အမျိုးသားဇာတ်ဆောင်ဆုဖြင့် ဆန်ခာတင်ဝင်ခဲ့ပြီး သရုပ်ဆောင်နေတိုးမှ အမျိုးသားဇာတ်ပို့ဆုနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့နေရာမှာတော့ အဆိုပါပွဲကို သရုပ်ဆောင် သုံးဦးသားတက်ရောက်မယ်လို့ဆိုပါတယ်။

မတ်လ၅ရက်နေ့မှာပြုလုပ်မယ့် အဆိုပါပွဲကို စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်နဲ့ ထိုင်းမင်းသမီး Naam Whan Pilaipornတို့ တက်ရောက်မယ်လို့သိရပြီး နေတိုးကတော့ ကလောဘက်မှာရုပ်ရှင်ရိုက်ကူးနေတဲ့အတွက် မတက်ရောက်နိုင်ဘူးလို့ဆိုပါတယ်။

" ဘန်ကောက်မှ မန္တလေးသို့ "ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်း-မြန်မာနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးခဲ့ပြီး ထိုင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲဖစ်တဲ့ The National Film Association Awardမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းဆု၊ ဇာတ်ညွှန်းဆုနှင့် တေးဂီတဆုများ ဆန်ခါတင်စာရင်းဝင်ခဲ့တာပဲဖြစ်ပါတယ်။

Source : 7 days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။