အနုပညာရှင်များရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းများကိုထည့်သွင်းရိုက်ကူးထားတယ်လို့ဆိုတဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ ရုပ်ရှင်ဇာတ်ကားကို မတ်လ၊ ၂ရက်နေ့ တွင်မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။

သရုပ်ဆောင်များအနေဖြင့် ဇွဲပြည့်ကိုအဓိကဇာတ်ဆောင်အနေဖြင့် ရိုက်ကူးခဲ့ပြီး၊ ရန်အောင်၊ ဟိန်းစိုး၊ ရန်ပိုင်စိုး၊ ဂျွန်လွင်၊ ထွန်းလွင်အောင်၊ ဆုပန်ထွာ၊ သက်သက်ခိုင်၊ နှင်းယမုံဦး၊ လီလီကျော်ခိုင်၊ မြတ်နိုးအိမ်နှင့် ဧည့်သည်သရုပ်ဆောင်အဖြစ် ကိုစောနု၊ နိုင်ဇော်(Lazy Club)၊ အောင်ရဲလင်း၊ ရန်ကျော်၊ ခင်မောင်ထူး၊ စည်သူလွင်၊ ကိုကိုလင်းမောင်၊ သျှင်နေမင်း၊ အံ့မော်ဦး၊ ဟဲလေး၊ ကုဋာခင်နွယ်၊ ခင်မာကျော် အစရှိသည့်အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဇာတ်လမ်းနှင့်ဒါရိုက်တာကတော့ မီဒီယာမှ ဦးမြတ်ခိုင်ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွင် အနုပညာရှင်တစ်ယောက်ကိုချစ်ခဲ့မိသူတစ်ယောက် အခက်အခဲတွေကြားကချစ်သူအောင်မြင်ရန်ကြိုးပမ်းခဲ့တဲ့ ရင်နာစရာဇာတ်အိမ်နှင့်အတူ၊ အချစ်ကိုသာကိုးကွယ်မိသူတစ်ယောက်၏ အဆုံးသတ်ဘယ်လိုပုံစံမျိုးနဲ့ ဇာတ်သိမ်းမလဲဆိုတာ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ဇာတ်ကားကိုကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။