ကျွန်ုပ်တို့ ရှင်သန်နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ စားဝတ်နေရေးအတွက် လူသားတိုင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ အကောင်း အဆိုးဒွန်တွဲနေတဲ့ လောကကြီးမှာ တစ်ခါတစ်လေ အဆိုးတွေနဲ့ ရင်ဆိုင်ရပြီး ဘဝကိုလက်မြှောက်အရံှုးပေးလိုက်ရတဲ့ သူတွေအများကြီးရှိပါတယ်။ ယခုလိုဖြစ်ပေါ်လာရခြင်း အကြောင်းတရားတွေအားလုံးဟာ စိတ်ဖိစီးမှုတွေက စခဲ့တာပါ။ တစ်နေ့တာ လုံးမှာ တစ်စုံတစ်ခုကြောင့် အမြဲလိုလို စိတ်မကြည်လင်မှုကို လူတိုင်းကြုံတွေရတတ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကျော်လွှားနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁) အသစ်တစ်ခုခုကို စတင်လေ့လာသင်ယူလိုက်ပါ

ဒါကတော့ အမြန်ဆုံး စိတ်ဖိစီးမှုကိုပျောက်နိုင်တဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်တစ်ခါမလုပ်ဘူးသေးတဲ့ အရာနဲ့ ပတ်သတ်ပြီး သင်ယူလေ့လာခြင်းကိုပြောတာပါ။ ဥပမာပြောရမယ် ဆိုရင် ဘာသာစကားအသစ် တစ်ခုခုကို စတင်သင်ယူတာမျိုးဖြစ်ပါတယ်။ သင်ယူမှုအသစ်ပေါ်မှာ အာရုံစိုက်နေရတာကြောင့် စိတ်ဖိစီးမှုဖြစ်နေတာကို ချက်ခြင်းမေ့ပျောက်နိုင်ပါတယ်။

(၂)လူအများနဲ့ စကားပြောကြည့်ပါ

လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်း ပတ်ဝန်းကျင်က သင့်ကိုပြောတဲ့ စကားတွေကြောင့် စိတ်ရှုပ်နေရပြီ ဆိုရင်တော့ ဒီလိုလေးလုပ်ကြည့်ပါ။ ကိုယ့်ကိုမကောင်းပြောတဲ့ ပတ်ဝန်းကျင်ကနေ ခဏရုန်းထွက်ပြီး ကိုယ်နဲ့ မသိသေးတဲ့သူတွေနဲ့ စကားပြောကြည့်လိုက်ပါ။ဒီနည်းကလည်း စိတ်ကိုပြန်လည် တက်ကြွစေနိုင်ပါတယ်။

(၃) Board-game လေး ကစားကြည့်ပါ

ဒါကတော့ သူငယ်ချင်းတွေနဲ့အတူဆော့ရတဲ့ ဂိမ်းတစ်မျိုးပါ။ဥပမာ မိုနိုပိုလီ၊ chess တို့လိုမျိုးဖြစ်ပါတယ်။ အုပ်စုလိုက်ကစားရတာကြောင့် ရင်းနှီးပျော်ရွှင်မှုကို ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျော့ချပေးနိုင်ပါတယ်။

(၄)အမြင့်ကနေ စီးရတဲ့အရာတစ်ခုခုကိုစီးကြည့်ပါ

ဒါကတော့ အလွယ်တကူလုပ်လို့မရ ပင်မယ့် တကယ့်ကို ထိရောက်တဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ဥပမာပြောရရင် ကောင်းကင်ကြိုးတန်း စီးတာ နဲ့ တောင်တက်တာမျိုးတွေက သဘာဝရဲ့ အရသာကိုအပြည့်အဝခံစားပြီး စိတ်လှုပ်ရှားမှုကိုပေးစွမ်းနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို မေ့ပျောက်နိုင်မှာဖြစ်ပါတယ်။

(၅)ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့် ကြည့်ပါ

အိမ်မှာလည်းကြည့်လို့ရတယ်ဆိုပင်မယ့် ရုပ်ရှင်ရုံမှာကြည့်တာကပိုပြီး စိတ်ဖိစီးမှုတွေကိုပျောက်စေနိုင်ပါတယ်။ ရုပ်ရှင်ရုံမှာ ပြောင်းဖူးပေါက်ပေါက်ရဲ့ အနံ၊ ကိုယ့်ရဲ့ပတ်ပတ်လည်မှာ လွှမ်းမိုးထားတဲ့ အသံ၊ ပိတ်ကားအပြည့် မှာကြည့်ရတဲ့ ခံစားချက်တွေက သင်ရဲ့ စိတ်ကိုပြောင်းလဲစေပြီး စိတ်ဖိစီးမှုတွေကိုလျော့ချပေးနိုင်ပါတယ်။

(၆)သင့်ရဲ့ ဖုန်းနဲ့ ခဏလောက်ဝေးဝေးနေလိုက်ပါ

အမြဲတမ်းနေခိုင်းတာမျိုးမဟုတ်ပါဘူးနော်။ ၁ နာရီ ၂နာရီလောက် သင်ရဲ့ဖုန်းကို မကိုင်ပဲနေလိုက်ပါ။ Social mediaမှာ ရှိတဲ့ စိတ်ရှုပ်စရာကိစ္စတွေနဲ့ ခဏတာ ဝေးသွားတာကြောင့် စိတ်အေးချမ်းမှုကိုဖြစ်စေနိုင်ပြီး ကောင်းမွန်တဲ့ ခံစားချက်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

(၇) ပရဟိတ တစ်ခုခုကိုလုပ်ကြည့်လိုက်ပါ

စိတ်ဖိစီးမှုတွေကိုခံစားနေရတဲ့အခါ ကိုယ်ထက်ချို့တဲ့သောလူတွေကို အကူအညီပေးကြည့်ပါ။ အဲ့လိုလုပ်လို့ ရလာတဲ့ ပီတီခံစားချက်က သင့်ရဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး အနိုင်ယူနိုင်မှာပါ။

(၈) Spa ကိုသွားကြည့်ပါ

ဒီအချက်ကတော့ ပိုက်ဆံရှိတဲ့ သူတော်တော်များများ အသုံးချတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ရေပူစမ်းမှာစိမ်ရတဲ့ အရသာက ဘယ်လို စိတ်ဖိစီးမှုမျိုးကို မဆိုပျောက်ကင်းစေနိုင်ပြီး ကျန်းမာရေး အတွက်လည်း အထူးသင့်တော်တဲ့ နေရာတစ်ခု ပါ။

(၉) ငါးမျှား ကြည့်ပါ

ဒီအချက်ကတော့ အနောက်နိုင်ငံတွေမှာ အများဆုံးလုပ်တာကိုတွေ့ရပါတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ငါးမျှားကတာလည်း စိတ်ကိုတည်ငြိမ်စေပြီး အရမ်းကိုထိရောက်တဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ငါးမျှားဖို့ အဆင်မပြေတဲ့ အတွက် တရားထိုင်တာမျိုးနဲ့ စိတ်ကိုတည်ငြိမ်အောင်လုပ်ကြပါတယ်။

(၁၀) Yoga ကစားကြည့်ပါ။

Yoga ကစားခြင်းက ခန္ဓာကိုယ် မှာရှိတဲ့သွေးလည်ပတ်မှုကို အားကောင်းစေပြီး စိတ်ကိုလည်းတည်ငြိမ်စေနိုင်ပါတယ်။ ယခုဆိုရင် Yoga အတန်းတွေ အများအပြားရှိတာကြောင့် ပိုပြီးအဆင်ပြေပါတယ်နော်။ အိမ်မှာနေရင်းလည်းကစားလို့ရတာကြောင့် စိတ်ဖိစီးမှုတွေကို အလွယ်တကူတွန်းလှန်နိုင်မယ့် နည်းလေးဖြစ်ပါတယ်။

Source:activebeat.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။