LA အိမ်ခြံမြေနေရာမှာ အခြေချဖို့ရှိတဲ့ Beyonce နဲ့ Jay Z တို့ ၁၀၅ မီလံယံတန်တဲ့ Petra Ecclestone ဆိုတဲ့ ကျယ်ဝန်းလှတဲ့ အိမ်ဂေဟာကြီးမှာ သူတို့ရဲ့အနာဂတ်မိသားစုလေးနဲ့အတူ ကုန်ဆုံးသွားဖို့ရှိပါတယ်။

The Sun သတင်းအရ အသက် ၃၅ နှစ်ရှိ အဆိုတော် Beyonce ဟာ ဒီလအစပိုင်းမှာ သူမမှာ အမွှာရင်သွေးရရှိ ထားကြောင်း သိရပါတယ်။ ဒါကြောင်ပဲ သူတို့စုံတွဲဟာ Los Angeles ရှိ ၁၀၅ မီလီယံတန် Petra Ecclestone အိမ်ခြံမြေနေရာကြီးကို ပြောင်းရွှေ့သွားဖို့ စီစဉ်နေကြတာပါ။ အရင်တုန်းက အဲ့အိမ်ဂေဟာကြီးဟာ Candy Spelling ပိုင်ဆိုင်တာပါ။Los Angeles အိမ်ခြံမြေသတင်းတစ်ရပ်က သူတို့စုံတွဲဟာ အဲ့ဒီအိမ်ကြီးပေါ်မှာ ၁ဝစုနှစ်တစ်ခု (သို့) အဲ့ထက်ပို နေသွားကြဖို့ရှိတယ်လို့ The Sun ကို ပြောပါတယ်။

“သူတို့နှစ်ယောက်လုံး အကျယ်အဝန်းကို နှစ်သက်ကြတယ်။ အနာဂတ်အတွက် သင့်တော်တဲ့နေရာဖြစ်ဖို့ကတော့ သူတို့နှစ်ဦးလုံး ကြိုးစားသွားရမှာပါ” လို့ဆက်လက်ပြောကြားခဲ့ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။