Myanmar Idol ပြိုင်ပွဲကြီးကတော့ တစ်ဖြည်းဖြည်း Final နီးကပ်လာတာနဲ့ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာပါပြီ ။ သောကြာနေ့ည Result Show အပြီးမှာ ရဲနောင် ထွက်ခွာခဲ့ရပြီး သားငယ် ၊ ပိုးမီ ၊ မိုင်းမိုင်ဆိုင်း ၊ ဘီလီလမင်းအေး တို့ ၄ ဦးသာကျန်ရှိပါတော့တယ် ။ ပြိုင်ပွဲမို့ မဖြစ်မနေ ထွက်ခွာကြရပေမယ့် ထွက်ခွာသွားတဲ့ ပြိုင်ပွဲဝင်တိုင်းရဲ့ ပရိတ်သတ်တွေကတော့ စိတ်မကောင်းဖြစ်ကြရတာပါပဲ ။ အခုတော့ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ထွက်ခွာသွားရလဲ ပြန်လည်ကယ်ဆယ်နိုင်မယ့် အခွင့်အရေး ရောက်ရှိလာပါပြီ ။ အဲဒါကတော့ Pantene Wild Card ပါပဲ ။

Pantene Wild Card အတွက် ပရိတ်သတ်တွေက Online က Vote ပေးရမှာဖြစ်ပြီး Winner ဖြစ်တဲ့သူက ကျန်ရှိတဲ့ ပြိုင်ပွဲဝင် ၄ ဦးနဲ့အတူ ဆက်လက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ် ။ ပေးထားတဲ့ Link မှာ ကိုယ်ပြန်လည်ပါဝင်စေချင်တဲ့ ပြိုင်ပွဲဝင် တစ်ဦးနာမည်ကို ရွေးပြီး Vote ပေးရမှာပါ ။ Facebook account တစ်ခုကိုတစ်ကြိမ်သာမဲပေးနိုင်မှာဖြစ်ပါတယ် ။

Vote ပေးရမယ့်အချိန်ကတော့ စနေနေ့ ည (18:00) ထိသာဖြစ်ပါတယ် ။ ပြိုင်ပွဲတစ်ခုလုံးမှာမှ တစ်ကြိမ်ပဲ ရှိတဲ့အခွင့်အရေးမို့ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို အစွမ်းကုန်ကယ်ဆယ်လိုက်ကြရအောင်နော် ။ ပရိတ်သတ်ကြီးရေ ... ဘယ်သူ့ကို Vote ပေးမှာလဲ ?

10 . ယွန်းယွန်း

8. ဖြူလေး

7. အေမီဇန်

5. ချမ်းငြိမ်း

3. ဇင်ကြီး

1. ရဲနောင်

Source : Myanmar Idol Page

သတင်းအရင်းမြစ် Vote ပေးရန် တရားဝင် Link

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။