Myanmar Idol ကိုအားပေးကြတဲ့ အနုပညာရှင်တွေ

မြန်မာနို်င်ငံရဲ့ အရည်းအသွေး ပြည့်ဝသော ရွက်ပုန်းသီးအဆိုတော် လေးတွေကို မွေးထုတ်ပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol ဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေပါတယ်။ ဒိုင်တွေအနေနဲ့ ဝါရင့်သဘာရင့် အဆိုရှင်ကြီးတွေဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန် မေဆွိ တင်ဇာမော်တို့ ဖြစ်ကြပြီး Voting system ဖြင့် ပရိသတ် မဲပေးရွေးချယ်ရတာပဲဖြစ်ပါတယ်။

မြန်မာပြည်အဝှမ်း ကြည့်ရှုသူဦးရေ တစ်စထက်တစ်စတိုးပွားနေပြီး တစ်ပတ်တစ်ပတ် ပြုတ်သွားတဲ့သူ ကျန်နေတဲ့သူတွေကြောင့် သူ့ပရိသတ် ကိုယ့်ပရိသတ်တွေကြား ကီးဘုတ်ရန်ပွဲတွေကလည်း တစ်ခမ်းတစ်နားပါပဲ။ Myanmar Idol ရဲ့ ပရိသတ်တွေထဲမှာ နိုင်ငံကျော် အနုပညာရှင်တွေလည်း အပါအဝင်ပေါ့……

အကယ်ဒမီ နေတိုးကတော့ Myanmar Idol ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူကတော့ သူနဲ့ တစ်မြို့တည်းမွေးဖွားခဲ့တဲ့ ကိုသားငယ် ရဲ့ ပရိသတ်လို့ ဆိုပါတယ်။ သူရဲ့ လူမှုစာမျက်နှာမှာတောင် ကိုသားငယ်အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးကြဖို့ဆိုပြီး မဲဆွယ်ပေးထားတာတွေ့ရပါတယ်။

အကယ်ဒမီစုံတွဲ တီတီ နဲ့ အူဝဲက လည်း Myanmar Idol ရဲ့ ပရိသတ်ပါပဲတဲ့လေ။ ဘယ်လောက်တောင် အားပေးသလည်းဆိုရင် ညရှုတင်ရိုက်တုန်းတောင် ခဏနားပြီး ထိုင်ကြည့်ရတဲ့ အထိတဲ့လေ။ အူဝဲကတော့ မနှစ်က Idol မှာ စောလားထော်ဝါးကို အားပေးခဲ့တာဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ အသေအချာပြောထားခြင်း မရှိပါဘူး။

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ ဖွေးစိန်လေးကလည်း Myanmar Idol ရဲ့ ပရိသတ်ပါတဲ့လေ။ သူကလည်း ကိုသားငယ်ရဲ့ ပရိသတ်တဲ့………

ကဲ ပရိသတ်တွေလည်း တစ်ပတ်ထက်တစ်ပတ် ဘယ်သူပါပြီး ဘယ်သူပြုတ်မလည်း ဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နိုင်ပြီး ကိုယ်အားပေးတဲ့သူကိုတော့ Vote ပေးပြီး အားပေးနိုင်ပါတယ်နော်………

Source: Local Celebrities

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။