မြန်မာပြည်အတွက် ဂုဏ်ယူရတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့အတွက် သူ့ရဲ့ လူမှုစာမျက်နှာကနေတဆင့် ဆုမွန်ကောင်းတောင်းပေးထားတာ တွေ့ရပါတယ်။ အောင်လအန်ဆန်ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်ပေမဲ့ ဘာသာတရားကို လေးစားကြောင်းသက်သေပြနေတဲ့ သူ့ရဲ့ဆုတောင်းစကားလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပတယ်နော်....

"ဗုဒ္ဓဘာသာဝင်မိတ်ဆွေ ပရိသတ်တွေရဲ့မြင့်မြတ်လှတဲ့ သီတင်းကျွတ်အခါသမယမှာ တစ်နိုင်ငံလုံး ကျန်းမာခြင်းနဲ့ စီးပွားဥစ္စာတွေ တိုးတက်ပြည့်စုံစေဖို့ဆုတောင်းပေးပါတယ်။

သီတင်းကျွတ်ပွဲတော်မှာအားလုံးပျော်ရွှင်နိုင်ပါစေ။

ဒီပုံလေးကတော့ ကျွန်တော်ဒီမလာခင်ရိုက်ထားတဲ့ ကျွန်တော်တို့မိသားစုပုံကိုဝေမျှပေးလိုက်တာဖြစ်ပါတယ်။

Happy Thadingyut festival to all my fans and friends.It's a great fullmoon day and i wish to all of you to have healthy and wealthy." ဆိုပြီး သူ့ရဲ့ လူမှုစာမျက်နှာကတဆင့် ဆုတောင်းပေးခဲ့ပါတယ်။

ပရိသတ်တွေကတော့ သူ့ရဲ့မွန်မြတ်တဲ့ လုပ်ရပ်ကိုချီးကျူးထားကြတာတွေ့ရပြီး မကြာခင်မှာ ယှဉ်ပြိုင်ရမဲ့ပြိုင်ပွဲအတွက်လည်း အစစအရာရာအဆင်ပြေပြေ အောင်နိုင်စေဖို့အတွက် ပြန်လည်ဆုမွန်ကောင်းတောင်းထားတာ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက်လည်း ကျွန်တော်တို့ Myanmarload မီဒီယာမှ သီတင်းကျွတ်အခါသမယမှာ ကျန်းမာ ချမ်းသာ လန်းဖြာစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....

Photo Source : Aung La NSeng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။