သရုပ်ဆောင်၊ မော်ဒယ်တစ်ဦးဖြစ်တဲ့ သိရိရှင်းသန့်က မနေ့က ကျင်းပခဲ့တဲ့ Myanmar Idol အစီစဉ်ကို ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ပုံပါပဲ။

သီရိရှင်းသန့်ဟာ သားငယ် ကို အားပေးတဲ့ Fan တစ်ယောက်ဖြစ်ပေမယ့် မနေ့က မဲအနည်းဆုံးနဲ့ ထွက်လိုက်ရတဲ့ ရဲနောင်အပေါ် သူမ ရဲ့အမြင်ကို အခုလိုရေးသားထားတာပါ။

ရဲနောင် ကို လှုမှုကွန်ရက်အပေါ်မှာ သူ့ကိုမလိုလားတဲ့ပရိသတ်တွေရဲ့ ဝေဖန်ထိုးနှက်မှုတွေကို အလူးအလဲခံရနေရှာလို့ ဖေ့ဘုတ်စ်တောင်မဖွင့်ရဲရှာဘူးလို့ ပြောပါတယ်။

ပြန်ရတော့မယ့် ရဲနောင် နဲ့ winner ဖြစ်ဖို့ သေချာနေတဲ့ သားငယ်တို့ကို အပြင်မှာစကားပြောကြည့်တော့ သူတို့နှစ်ယောက်လုံးက ရိုးသားဖြူစင်ကြတယ်လို့လည်း သူမကပြောပါတယ်။

သားငယ်ကလည်း သူငယ်ချင်းဖြစ်သူ ရဲနောင်အတွက် စိတ်မကောင်းဖြစ်နေပါတယ်။ 

ပရိသတ်တွေကြောင့်သာ ရဲနောင်ကို လူမုန်းများနေကြပေမယ့် သူ့မှာ ဘာအပြစ်မှ မရှိလို့ ယဉ်ကျေးစွာ အားပေးကြပါလို့လည်း သိရိရှင်းသန့်က တိုက်တွန်းထားပါတယ်။

အိမ်ပြန်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေအတွက် အခွင့်အရေးတစ်ခုတော့ ရှိပါသေးတယ်။ 

အဲ့ဒါကတော့ Pantene Wild Card ရှိတဲ့အတွက် ထွက်ခွာသွားရတဲ့သူတွေအနက် ကိုယ်နှစ်သက်ရာ ပြိုင်ပွဲဝင်တစ်ဦးကို Myanmar Idol ဖေ့ဘုတ်စ် Link ကနေတစ်ဆင့် မဲပေးရွေးချယ်နိုင်ပါတယ်။ 

ညနေ (၆)နာရီမတိုင်ခင် အမြန် vote ပေးကြဖို့ မမေ့ပါနဲ့နော်။


https://apps.facebook.com/my-polls/form/myanmar-idol-s2-pantene-wild-card?from=admin_wall







သတင်းအရင်းမြစ် Myanmar Idol Page/ Thiri Shin Thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။