ချန်ပီယံလိဂ်အုပ်စု (H) ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၄ရက်မနက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်မှာ   မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ အီတလီ ဂျူဗင်တပ်အသင်းကို (၁-ဝ) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ဦးဆောင်ကစားခဲ့ပီး ဂိုုးသွင်းခွင့်တွေ လည်း အိမ်ရှင်မန်ယူ ထက်ပိုရခဲ့ကာ ဂျူဗင်တပ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန် ၁၇ မိနစ်မှာ ဒိုင်ဘာလာက သွင်းယူခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စု (H)မှာ ဂျူဗင်တပ်အသင်းဟာ ၃ ပွဲကစား ၃ ပွဲ နိုုင်နဲ့ဇယားထိပ်မှာ ရှိနေပါတယ်။ မန်ယူအသင်းကတော့ ၁ ပွဲနိုုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့အုုပ်စုု ဒုတိယမှာ ရှိနေပါတယ်။ ဗလင်စီယာအသင်းကတော့ ၂ ပွဲသရေ၊ ၁ပွဲရှုံး၊ ၂ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။