ရေဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဒုတိယမ္မိ အသက်သွေးကြောပါ။ ဒါပေမယ့်ရေမှာလည်း သူ့အတိုင်းအတာနဲ့သူလောက်ပဲ သောက်တဲ့သူတွေအတွက်ကောင်းကျိုးပေးပြီး အလွန်အကျွံ့သောက်ရင်တော့ overhydration(ရေဓာတ်လွန်ကဲခြင်းရောဂါ) ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက နောက်ဆက်တွဲဖြစ်တဲ့ Hyponatremiaလို့ခေါ်တဲ့ သွေးတွင်းsodiumဓာတ်တွေနဲပါးပြီး ဆဲလ်တွေကို ဖောင်းကားစေတဲ့ရောဂါကိုပါဖြစ်စေပါတယ်။

ဦးနှောက်လုပ်ဆောင်ချက်တွေကို နှောက်နှေးစေပြီး နောက်ဆုံးသေပါသေစေနိုင်ပါတယ်။ ဒါတွေမဖြစ်အောင် သင်သိထားသင့်တာတွေကတော့ ...

၁။ ရေမဆာရင်ရေမသောက်ပါနဲ့။

တနေ့ကိုရေ ၃လီတာ(သို့)၄လီတာ သောက်ရမယ်လို့သိထားကြမယ် ထင်ပါတယ်။ဆိုတော့ ဒါကို အတိအကျကြီးလိုက်သောက်နေစရာမလိုဘူး။ သင်တို့စားနေတဲ့အစားအစာတွေထဲမှာလည်းရေဓာတ်တွေပါဝင်ပါသေးတယ်။

၂။ ဆီးအဖြူရောင်သွားတိုင်း ကျန်းမာရေးကောင်းတာမဟုတ်ပါဖူး။

ကျန်းမာရေးကောင်းရင်သွားတဲ့ဆီးအရောင်က အဝါရောင်လေးနဲနဲသမ်းပါတယ်။ ဖြူတယ်ဆိုတာက ရေအသောက်များနေလို့ပါ။

၃။ ခေါင်းမူး ခေါင်းကိုက်ခြင်းအချို့ဟာလည်း ရေသောက်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လွဲကဲခြင်း (overhydration) ဒါမှမဟုတ် ရေဓာတ်နည်းခြင်း (dehydration) ဖြစ်တဲ့အခါမှာခေါင်းကိုက်တတ်ပါတယ်။ ဒီခေါင်းကိုက်ခြင်းကလည်း မကြာမကြာဖြစ်နေတတ်ပါတယ်။

၄။ ခြေတွေလက်တွေ ဖောယောင်ပြီး ကြွက်သားတွေ နာကျင်လာမယ်။

ရေဓာတ်တွေအရမ်းများပြီး ကျောက်ကပ်ကပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ electrolyteပမာဏပါလျော့ကျလာတဲ့အတွက်ဖြစ်ပါတယ်။ ကြွက်သားအားနည်းခြင်းနဲ့နာကျင်မှုတွေအတွက် အုန်းရည်သောက်ပေးနိုင်ပါတယ်။

၅။ ပျို့အန်ပြီးမအီမသာဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ပိုလျံှထွက်နေတဲ့ရေပမာဏကို ကျောက်ကပ်က ခန္ဓာကိုယ်အပြင်ကိုမရောက်အောင်တားဆပေးပေမယ့် လုပ်ဆောင်ချက်ကများလွန်းရေပမာဏကို မထိန်းသိမ်းနိုင်တဲ့အတွက် ပျို့ခြင်း၊အော့အန်ခြင်းကိုဖြစ်စေပါတယ်။

ဒါကြောင့်လိုအပ်တဲ့ ပမာဏထက်ရေကို အလွန်အကျွံမသောက်မိဖို့ အထူးပင်ဂရုစိုက်သင့်ပါတယ်။

Source:www.stylecraze.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။