ကမ္ဘာ့​စျေးအကြီးဆုံးစား​သောက်​ဆိုင်​ဖြစ်​တဲ့ Sublimotionက​တော့ စပိန်​မှာရှိတဲ့ ကျွန်​းတစ်​ကျွန်​း​ပေါ်မှ Hard Rock Hotel Ibizaအတွင်​းမှာရှိပါတယ်​။ သူ့ဆီမှာ တစ်​ခါစားရင်​ တစ်​​ယောက်​ကို ​ဒေါ်လာ ၃၀၀၀​လောက်​ကုန်​ကျပြီး ဟင်​းပွဲအစီအစဉ်​ ၁၅မျိုးပါဝင်​တာဖြစ်​ပါတယ်​။

ဟင်​းပွဲ​တွေကိုအနုပညာဆန်​ဆန်​ အရသာရှိရှိ်​နဲ့ပြင်​ဆင်ထားပြီး တည်​ခင်​းဧည်​့ခံတဲ့​နေရာမှာလဲ လက်​ရှိ​ခေတ်​​ပေါ်နည်းပညာ အသစ်​​တွေကိုသုံးထားပါတယ်​။ ဟင်​းပွဲပြင်​ဆင်​တဲ့​နေရာမှာ ရိုးရိုးမဟုတ်​ပဲဓာတု​ဗေဒနည်​းအရပြင်​ဆင်​တာ​တွေပါ ပါပြီး လူ​တွေရဲ့လျှာမှာ တစ်​သက်​မ​မေ့နိုင်​စရာ အရသာမျိုးစွဲမက်​သွား​စေ​အောင်​ အထူးပြင်​ဆင်​ထားပါတယ်​။ ထူးခြားချက်​အ​နေနဲ့ လာ​ရောက်​စားသုံးတဲ့သူ​တွေကို ​ပေးတဲ့လက်​မှတ်​ကပါစားလို့ရ​နေတာဖြစ်​ပြီး ​စား​သောက်​ခန်​းမသွားတဲ့​တောက်​​လျှောက်​မှာ ​ဘေးနှစ်​ဖက်​နှစ်​ချက်​အပြည်​့Videoပြသထားတဲ့ ဓာတ်​​လှေကားအပါအဝင်​ အခြား​သော​ခေတ်​​ပေါ်နည်​းပညာမျိုးစုံကို အရသာရှိလှတဲ့ အစားအစာ​တွေနဲ့အတူ တည်​ခင်​းဧည်​့ခံတာဖြစ်​ပါတယ်​။

စားဖိုမှူးဖြစ်​တဲ့ ပါကိုရွန်​စီရိုက​တော့ ​ဒီလိုဟင်​းပွဲ​တွေပြင်​တဲ့အခါမှာ ဝန်​ထမ်​း​အ​ယောက်​၁၀၀​လောက်​က​နေပြီး နည်​းပညာပိုင်​း ဂီတပိုင်​း အစားအ​သောက်​ပိုင်​း တီထွင်​ဖန်​တီးမှု​တွေမှာပါဝင်​ရတယ်​လို့​ပြောပါတယ်​။

Source: news.com.au

Translated by Alexa 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။