ပြည်တွင်းယုံကြည်ကိုးကွယ်သူများစွာအပြင် ပြည်ပနိုင်ငံတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေကိုရရှိထားတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ဂုဏ်သတင်းကိုတော့ အားလုံးလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ သီလ သမာဓိ ပြည်စုံပြီး အံ့အားသင့်စရာ အစွမ်းအစများစွာပိုင်ဆိုင်ထားပြီး ပြည်တွင်းနာမည်ကြီး ဆရာတော်တစ်ပါးလည်းဖြသ်တာတွေ့ရပါတယ်။ 

မိုင်းဆတ်မြို့နယ်၊ မိုင်းကျက်ရွာအနီးရှိ ထမ်ဖါလျမ်လှိုဏ်ဂူတွင် ဝါတွင်းကာလ သီတင်းကာ တရား အားထုတ်နေသည့် မိုင်းဖုန်းဆရာတော်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ မနေ့က နံနက် (၉)နာရီအချိန်တွင် ဂူတွင်းမှ ထွက်လာပြီး ဆံချခြင်းနှင့်အတူ လှူဒါန်းမှုများအား ရေစက်သွန်းချခြင်းများ ပြုလုပ်ကြောင်း သိရတယ်။ မိုင်းဖုန်းဆရာတော်သည် နံနက်(၉)နာရီအချိန်၌ ဂူတွင်းမှထွက်ရာ အရှင်သုခမိန္ဒ(စဝ်သုခမ်း)က ပရိတ်ကြိုး ချည်နှောင်ပေးပြီးနောက် ဆရာတော်သည် လာရောက်ပင့်ဖိတ်သော ဒါယိကာများနှင့် တွေ့ဆုံခြင်း၊ နံနက်(၁၁)နာရီအချိန်တွင် ဆံချမင်္ဂလာပြုလုပ်ခြင်း၊ ဒါယိကာများ၏ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ 

ဝါတွင်း(၃)လ ဂူအတွင်း တရားအားထုတ်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဒီကနေ့၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ထမ်ဖါလျမ် လှိုဏ်ဂူမှနေ၍ မိုင်းကျက်ချောင်းအနီးရှိ လှိုဏ်ဂူသို့ကြွရောက်ပြီး တရားဟောကြားမည် ဖြစ်ကြောင်း သိရတယ်။ ပြည်တွင်းပြည်ပယုံကြည်ကိုးကွယ်မှုများစွာရရှိထားတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး ရဲ့ဂူထွက်ပုံရိပ်လေးတွေကို ချသ်ပရိသတ်တွေဖူးမျှော်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

ဓါတ်ပုံ - Sai Kyaw Aung ၊ Sai Thant Zin Latt ၊ Soom Sai San Khat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။