Social Media မှာနာမည်ကြီးတဲ့ ထိုင်ဝမ် Social Media Star နဲ့ Sexy Model ဂျက်ဆီကာ ဘေဘီဖက်(ဒ်) (Jessica BabyFat) ဟာအဆိုတော် လွှမ်းပိုင် နှင့် ဘန်နီဖြိုး တုုိ့၏ သီချင်းအသစ်တွင် ပါဝင်သရုပ်ဆောင်ဖို့ ရန်ကုန်သို့ရောက်ရှိလာခဲ့ပါပြီ။ သူမရဲ့အကြောင်းကိုမသိသေးသူများအတွက် သူမရဲ့ပုံတွေနဲ့တကွ မိတ်ဆက်ပေးလိုက်ပါတယ် ။

Jassica BabyFat ဟာ မော်ဒယ်တွေထဲမှာ သူမရဲ့ ထူးခြားတဲ့ ကိုယ်လုံးအချိုးအစားနဲ့ကျော်ကြားသူပါ ။ မော်ဒယ်ဆို ပိန်ပိန်ပါးပါးလေးပဲပြေးမြင်ကြတဲ့အထဲမှာ သူမက ပြည့်ပြည့်တင်းတင်းနဲ့ လှပတဲ့ဘော်ဒီအချိုးအစားကိုပိုင်ဆိုင်ထားပါတယ် ။ သူမရဲ့ အမည်က ဂျက်စီကာပါပဲ ။ Baby Fat ဆိုတာလေးက သူမကို ချစ်ကြတဲ့ပရိတ်သတ်တွေကပေးတဲ့ ဂုဏ်ပုဒ်တစ်ခုပါ ။ သူမဟာပထမက သူလိုကိုယ်လို ဝဝကစ်ကစ်နဲ့ မိန်းကလေးတစ်ယောက်ပါပဲ ။ သူများနဲ့ မတူတာကသူမရဲ့ ဇွဲလုံလ ဝရီယ နဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်ပါတယ် ။ ဒီလို စွဲမက်ဖွယ် ခန္တာကိုယ်အချိုးအဆစ်ကိုရဖို့ သူမ တကယ်ကို လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ပြီး ကြိုးစားခဲ့ရပါတယ် ။ ခုတော့ကြိုးစားမှုရဲ့ ရလာဒ်ကောင်းအဖြစ် သူမလိုချင်တဲ့ဘဝကို သူမကိုယ်တိုင်ဖန်တီးထုဆစ်နိုင်ခဲ့ပါပြီ ။ သူမကို အားကျတဲ့ မိန်းကလေးတွေ အမျျားကြီးရှိနေပါပြီ ။ သူမရဲ့ အလှအပကို အသိအမှတ်ပြုတဲ့ယောကျာင်္းလေးတွေလဲ တစ်ပုံကြီးပါ ။ ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက် တကယ့်ကို

စံထားစရာ Idol တစ်ယောက်ဖြစ်ပါတယ် ။ ထိုင်ဝမ်မှာကျော်ကြားတဲ့ သူမကခုတော့ မြန်မာနိုင်ငံကို ခြေဆန့်လာပါပြီ ။ ဘယ်လို MTV ကြည့်ရမလဲ မျှော်လင့်စောင့်စားရင်း အားပေးလိုက်ကြရအောင်နော် ...

Source : MyanmarCelebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။