အာဆင်နယ် ကွင်းလယ်ဖန်တီးရှင် မတ်ဆုအိုဇေးလ် ဟာ စနေနေ့မှာ ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် အသင်းနဲ့ပွဲမှာ တုတ်ကွေးမိနေတာမှ ပြန်လည်သက်သာလာခြင်းမရှိတဲ့အတွက် လီဗာပူးလ် အသင်းနဲ့ပွဲကို လွဲချော်လိမ့်မယ်လို့သိရပါတယ်။

အာဆင်ဝင်းဂါး က အသက် ၂၈ နှစ်အရွယ် ဂျာမန်သားကို အန်းဖီလ်းသို့သွားရောက်ရမည့်ခရီးစဉ်မှာ ပြန်လည်ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အိုဇေးလ်ရဲ့ နေရာကို တခြားကစားသမားတစ်ယောက်နဲ့ အစားထိုးသွားရဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ် နဲ့ လီဗာပူးလ်အသင်းတို့ဟာ ထိပ်ဆုံး အဆင့် ၄ နေရာဝင်ရောက်နိုင်ဖို့အတွက် အဓိက ယှဉ်ပြိုင်နေကြသူများဖြစ်ပါတယ်။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့ပွဲများက အကောင်းဆုံးပုံစံမရှိခဲ့ပေမဲ့ သူဟာ အသင်း ဂိုးတွေရရှိဖို့ ကူညီပေးနေသလို ဂိုးတွေသွင်းယူနိုင်ဖို့လည်း အများဆုံးဖန်တီးပေးထားသူတစ်ယောက်ဖြစ်ပြီး ယခုလို သူ့ရဲ့ လွဲချော်မှုဟာ အဓိကပြိုင်ဘက် လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

Daily Mirror သတင်းစာကတော့ မာဆေးဆိုဒ် သို့ သွားရောက်မည့် အာဆင်နယ်အသင်းရဲ့ လူစာရင်းမှာ အိုဇေးလ် ပါဝင်လာခြင်းမရှိဘူးလို့ ဖေါ်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် သတင်းကောင်းကတော့ အာရွန်ရမ်းဆေး ဟာ ဒဏ်ရာများမှပြန်လည်သက်သာလာပြီး အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေပြီလို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။