ကာတာနိုင်ငံ ဒိုဟာမြို့တွင် စခန်းဝင် လေ့ကျင့်နေသည့် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် ယမန်နေ့ည မြန်မာစံတော်ချိန် ၁၀း၄၅ နာရီက မြန်မာအသင်းလေ့ကျင့်ရေး ကွင်းတွင် Qatar Military National Team နှင့် လေ့ကျင့်ရေး ခြေစမ်းပွဲ ကစားခဲ့ရာ (၂-၂)ဂိုး သရေကျခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ပြိုင်ဘက်အသင်းက ပထမ ပိုင်းတွင် (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိနေခဲ့သော်လည်း ဒုတိယပိုင်း ၆၀ မိနစ်တွင် မြန်မာအသင်း တိုက်စစ်ကို ကာကွယ်ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းယူ မိခဲ့ပြီး (၁-၁)ဖြစ်နေခဲ့သည်။

တစ်ဂိုးစီသရေ ဖြစ်ပြီးနောက် ၅ မိနစ်အကြာတွင် လူစားဝင် ကစားသမား ဇင်မင်းထွန်းက မြန်မာအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူသဖြင့် မြန်မာအသင်း (၁-၂)ဂိုး အနိုင်ဖြင့် ဦးဆောင်နေခဲ့သည်။ ပွဲပြီးကာနီး ၉၂ မိနစ်တွင် ကာတာတို့ ပြန်လည်ချေပနိုင်သဖြင့် (၂-၂)ဂိုး သရေကျကာ Training Match ပြီးဆုံးခဲ့သည်။

source:mff 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။