ပြည်တွင်းအထင်ကရနေ့တွေထဲမှာ သီတင်းကျွတ်လပြည့်နေ့ဟာလည်း တစ်ရက်အပါအဝင်ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာများစွာရှိသလို ပြဿနာပေါင်းများစွာလည်း နေရာအနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ မနေ့က ၄၃ ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်အဖြစ် ပေါင်မြို့ကဒုံစီးရပ်ကွက် တွင်ကျင်းပနေစဉ် ည၁၁နာရီကျော်အချိန်က ဂေါပက မဏ္ဍာပ်ရှေ့တွင်လူ ငယ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရတယ်။ 

အဆိုရန်ပွဲတွင် လုံခြုံရေးတာဝန်ကျရဲ အရာရှိ၂ဦး အခြားအဆင့် ၈ဦးတာဝန်ချထားပြီး ခိုက်ရန်ဖြစ်ပွားရာသို့ ရဲများက သွား ရောက်ထိန်းသိမ်းစဉ် လူ၃ဦးက ရဲများကိုပြန်လည်ရန်ပြုခဲ့ကြကြောင်းသိရတယ်။ ထို့နောက် ဒုရဲအုပ်အောင်မိုးကျော်၏ခါးကြားမှ သေနတ်ကိုလုယူပြီးပစ်ခတ်သဖြင့် ဒုရဲအုပ်ရာဇာမြင့်စိုး၏ဝဲဘက် လက်မောင်းကို ထိမှန်ပြီး အရိုးကျိုးဒဏ်ရာရှိသွားခဲ့တာတွေ့ရပါတယ်။ အဆိုပါ သေနတ်လုသူက သေနတ်အားပစ်ချထွက်ပြေးသွားခဲ့ပြီး အရံမီးသတ် ပြည်သူ့စစ် ရဲတပ်ဖွဲ့ဝင်များကလိုက်လံဖမ်းဆီးခဲ့ရာ ကဒုံစီးရပ်ကွက် လယ်ကွင်းထဲ၌ ၂ဦးကို ချက်ချင်းဖမ်းမိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းတွင် ဓာတ်ပုံပါသူ ဖြစ်သော ရဲထံက သေနတ်လုပြီးပစ်ခတ်ခဲ့သူ သာလိ(ခ)သားသား(ခ)စိုင်းနိုင်ထွေး (ဘ)ဦးအောင်ငယ် အသက် ၃၃နှစ်အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်အပေါ်ဒုရဲအုပ်အောင်မိုးကျော်မှတရားလိုပြုလုပ်တိုင်တန်းချက်အရ ပေါင်ရဲစခန်း (ပ)၅၁၇/၂၀၁၈ပြည်သူ့ဝန်ထမ်း၏ လက်နက်ခဲယမ်း နှင့်ဆိုင်သောရာဇတ်ကြီးဥပဒေပုဒ်မများအရ အမှု၌ပါဝင်သူများဖြစ်သောအောင်နိုင်ထွေး (ခ) အသား ၃၄နှစ် (ဘ)ဦးအုန်းဖေဒေးပိန်၁ ကဒုံစီးရပ်ကွက်နေသူ ဝင်းထိုက်ဦး ၂၃နှစ် (ဘ)ဦးမြင့်ထွေး ဒေးပိန်၁ ကဒုံစီးရပ်ကွက်နေသူ သာလိ(ခ)သားသား(ခ)စိုင်းနိုင်ထွေး ၃၃နှစ် (ဘ)ဦး အောင်ငယ် ဒေးပိန်၁ ကဒုံစီးရပ်ကွက်နေသူအား အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ မကြာခဏဖြစ်ပျက်လျှက်ရှိတဲ့ သေနတ်ပစ်ခတ်မှုတွေထဲက ရုပ်ဆိုးဆုံးလုပ်ရပ်တစ်ခုဖြသ်တဲ့ မနေ့ကဖြစ်စဉ်ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

photos . ဝရဇိန်_ပေါင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။