လူတိုင်းက အနည်းနဲ့အများ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ညစ်ခြင်း စတာတွေကို မကြာခဏ ခံစားရလေ့ ရှိပါတယ်။ လူတိုင်းက နေ့တိုင်းပျော်ရွှင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော် သတိထားပြီး စိတ်ချမ်းသာအောင် ကျန်းမာအောင် နေမယ်ဆိုရင်တော့ ပျော်ရွှင်စေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့တိုင်း ပျော်ရွှင်စေဖို့နဲ့ ကျန်းမာစွာ နေထိုင်နိုင်ဖို့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေ များများ သောက်ပါ။ အနည်းဆုံး ရေ ၂ လီတာ သောက်ပါ။

(၂) တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ၁၀ မိနစ်မျှ အနားယူပါ။ နေ့တိုင်း အနည်းဆုံး ၁၀ မိခန့် တရားထိုင်ပါ။

(၃) မနက်စာကို အများကြီး စားပါ။ နေ့လည်စာကို ပုံမှန်စားပြီး ညစာကို အနည်းငယ်သာ စားပါ။ (အချိန်မှန်မှန် စားပါ)

(၄) စိတ်ညစ်စရာများကို ရာသက်ပန် မေ့ပစ်ပါ။ များများရယ်ပါ။ ပျော်ရွှင်စွာ နေထိုင်ပါ။

(၅) စိတ်ကောင်းထားပါ။ အများကို ကူညီပါ။

(၆) အသစ် အသစ်သော အရာတွေကို ဖန်တီးနိုင်အောင် ကြိုးစားပါ။

(၇) တခြားသူ တစ်ဦးဦးကို ပြောင်းလဲမယ့် အတွေးကို မေ့ပစ်ပြီး ကိုယ် ကိုယ်တိုင်သာ မကောင်းတဲ့ အချက်များကို ပြုပြင် ပြောင်းလဲပါ။

(၈) ကိုယ့်အပေါ်က လူတွေကိုကြည့်ပြီး အားငယ်စိတ်/ အလိုမကျစိတ်ကို မေ့ပစ်ပါ။

(၉) လုပ်နိုင်ခဲ့လို့ အောင်မြင်ခဲ့တာတွေကို သတိရပြီး ကိုယ့်ကို ကိုယ် ဂုဏ်ယူပါ။

(၁၀) နှစ်သက်ရာ အနုပညာ အလုပ် တစ်ခုခုကို နေ့စဉ်လုပ်ပါ။ (ဥပမာ - စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာရေးခြင်း၊ ပန်းချီဆွဲခြင်း)

(၁၁) ရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ။

(၁၂) အရေးမကြီးတာကို အချိန်မပေးမိပါစေနဲ့။

(၁၃) တစ်နေ့ကို ၈ နာရီ အိပ်စက်ပါ။

ဖော်ပြပါ အကြောင်းအရာများကို လိုက်နာဖြစ်တဲ့အခါ ကိုယ်တိုင်လည်း စိတ်ကျေနပ် အားရမှု ရှိလာသလို အရင်ကထက်လည်း ပိုပြီး ယုံကြည်မှု ရှိလာမှာ ဖြစ်ပါတယ်။ လူတိုင်းက စိတ်ကောင်းထားရင် ကံကောင်းထားမို့ စိတ်ကောင်းထားကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ကံဆိုတာက အလုပ်ဖြစ်တာမို့ ကိုယ်လုပ်သမျှ အလုပ်တွေ အားလုံးကို အကောင်းဆုံး လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - How to be happy (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။