သီးနှံတစ်မျိုးအနေနဲ့ မြန်မာတွေရဲ့ ပါးစပ်ဖျားမှာ စွဲမြဲစားသုံးကြာတာ ငရုတ်သီးပဲဖြစ်ပါတယ်။ငရုတ်သီးဟာ ပူတယ် စပ်တယ်၊ ခံတွင်းကောင်းတယ်။ ထမင်းစားလို့ ကောင်းတယ်။ ငရုတ်သီးဟာ ဒါတင်မဟုတ်သေးဘူး။ သူရဲ့ ကောင်းကျိုးတွေက များစွာရှိနေပါသေးတယ်။ ငရုတ်သီးဟာ ကင်ဆာကိုတောင် တွန်းလှန်နိုင်တဲ့ အစွမ်း သတိရှိပါတယ်။ ပြီးတော့ ဆီးချိုဖြစ်နေတဲ့ သူတွေ စားပေးသင့်ပါတယ်။ ဗီတာမင် စီကြွယ်ဝတာကြောင့် အခိုးကို ပွင့်စေတယ်။

ငရုတ်သီးဟာ မျိုးစိတ်ပေါင်းများစွာရှိနေပါတယ်။ ဒီလိုငရုတ်သီးကို ဟင်းစားထဲမှာ ထည့်စားပေးခြင်းဖြင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အပူဓာတ်ကိုအဓိက ပါဝင်တဲ့အတွက် သွေးတိုးခြင်း၊ သွေးတွင်း ကိုလက်စထရော များကို ချေဖျက်ပေးနိုင်ပြီး အဆီများခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ သူရဲ့ အာနိသင်က နာကျင်မှုကိုလည်း သက်သာအောင် ပြုလုပ်ပေးပြီး တရုတ်ရှေးဆေးဆရာများကတော့ ကာမ နိုးကြွဆေးဖော်တဲ့ အခါ ငရုတ်သီးကို အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ 

ခွဲစိတ်ပြီး အနာများ အကျက်မြန်စေတယ်၊ အဆစ်ရောင်ခြင်း၊ ကိုသက်သာစေတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးတယ်။ သွေးတွင်းက သကြားဓာတ်၊ ကိုလည်း ထိန်းထားပေးတယ်။ ဒါကြောင့် အချိုပဲတစ်ချိန်လုံး စားနေတဲ့သူတွေ အစပ်ကိုလည်း ပြောင်းစားသင့်တယ်။ ကျန်းမာရေးအတွက် ဈေးလည်းမကြိးဘူး ။ လွယ်တစ်ကူလည်း ဝယ်ယူစားသုံးနိုင်တယ်နော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။