ဂျပန်နိုင်ငံမှာ တစ်ဦးတည်း နေထိုင်နေသူ အသက်(၅၀) အရွယ် Joji ဟာ သူနေထိုင်နေတဲ့ အခန်းအတွင်း

မှာ သေဆုံးနေတာကို အခန်းပိုင်ရှင်က ၀င်ရောက်ကြည့်တဲ့အခါမှ သိခဲ့ရတယ်လို ့ ဆိုပါတယ်။ သေဆုံးသူ

အမျိုးသားဟာ အဖေါ်အချွတ်အပြာ ကာမဆိုင်ရာစာပေတွေကို ဖတ်တာ ၀ါသနာပါသူဖြစ်ပြီး တချိန်လုံး လိင်နဲ ့ပတ်သက်ရာ စာစောင် -စာအုပ်တွေ-မဂဇင်း တွေကို ပုံမှန်ဝယ်ယူ စုဆောင်းထားသူဖြစ်ပါတယ်.။

အခန်းတွင်းမှာ စာအုပ်စင်အဆင့်တွေလုပ်ပြီး ထွက်သမျှ စာအုပ်တွေကိုအထပ်လိုက်သိမ်းထားခဲ့တာ ဟာ တခန်းလုံးပြည့်နေပြီး စာအုပ်တွေရဲ ့ အလေးချိန်က (၆)တန်လောက်ရှိနေပြီလို ့ သတင်းတွေမှာရေးသားထားပါတယ်။

ရဲတပ်ဖွဲ ့ရဲ ့ စုံးစမ်းစစ်ဆေးမှု အရ သေဆုံးသူအမျိုးသားဟာ စာအုပ်စင်မှာပြည့်ကြပ်သိတ်နေအောင် တင်ထားတဲ့ စာအုပ်တွေက သူ ့အပေါ်ပြိုကျခဲ့ပြီး စာအုပ်ပိသေဆုံးခဲ့တာ

ဖြစ်တယ်လို ့ ဆိုပါတယ်။

ကျန်ရစ်တဲ့ စာစောင် မဂဇင်းတွေကို လာယူကြဘို ့ သေဆုံးသူရဲ ့မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြား

ခဲ့ပေမယ့် ဘယ်သူမှ လာမယူခဲ့ကြကြောင်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။