ဆရာဝန်က မှတ်ချက်မှာ သေပြီဟု အတည်ပြုလိုက်တာကြောင့် မီးသဂြိုဟ်ခံထိတဲ့ အမျိုးသမီး

ဒီဖြစ်ရပ်လေးကတော့ အိန္ဒိယနို်င်ငံ Uttar Pradesh ပြည်နယ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Rachna Sisodia အမည်ရှိ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးကို Greater Noida မှာရှိတဲ့ Sharda ဆေးရုံက အဆုပ်ရောဂါနဲ ့သေဆုံးသွားပြီလို ့ဖေဖေါ်ဝါရီ ၂၅ ရက်နေ ့မှာ အတည်ပြုခဲ့ပါတယ်။

ဒါကြောင့်လက်ထပ်ပြီးကာစ သူမရဲ ့ခင်ပွန်းဖြစ်သူ အသက် ၂၃ နှစ်အရွယ် Devesh Chaudhary နဲ ့အပေါင်းအသင်းတွေက Rachna အတွက် စျာပနကို

အမြန်စီစဉ်ခဲ့ပြီး မီးသဂြိုဟ်ခဲ့ပါတယ်။

ထိုကဲ့သို ့မီးရှို ့လိုက်တဲ့အချိန်မှာ အသုဘအကျိုးဆောင်တစ်ယောက်က Rachna 

အသက်ရှင်နေသေးကြောင်းအော်ပြောခဲ့ပါတယ်။

ဒါကြောင့် Rachna ကို မီးပုံပေါ်က ဆွဲချလိုက်ပေမယ့် ကိုယ်ခန္ခာရဲ ့ရ၀ % ကို မီးစွဲလောင်သွားတဲ့အတွက် အသက်မရှိတော့တာကို တွေ ့မြင်ခဲ့ရပါတယ်။ ရင်ခွဲရုံကို ပြန်ပို ့တဲ့အခါမှာတော့ တာဝန်ရှိသူတွေက Rachna ဟာ မီးမရှို ့ခင်က အသက်ရှင်နေခဲ့တယ်လို ့ယူဆကြောင်းကို ပြောခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူမရဲ ့အဆုပ်ထဲမှာ အသက်ရှုလမ်းကြောင်းကနေ ပြန်ဝင်လာတဲ့ အမှုန်အမွှားတွေကို တွေ ့ရှိရပြီး တကယ်သေဆုံးသူဆိုရင်

ဒီလိုမတွေ ့နိုင်ကြောင်း ပြောပါတယ်။ ဒါကြောင့်မို ့လို ့ Rachna ရဲ ့ခင်ပွန်းဖြစ်သူ Chaudhary ကို အရှင်လတ်လတ် မီးရှို ့အလောင်းဖျောက်ဖို ့ကြံစည်ခဲ့တယ်ဆိုပြီး သူမရဲ ့ဆွေမျိုးသားချင်းတွေက တရားစွဲဆိုလိုက်ပါတယ် ။

Chaudhary ဟာ Rachna ကို လိင်ပိုင်းဆိုင်ရာ မကြာခဏစော်ကားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ့က Bulandshahr မြို ့ရှိနေအိမ်ကနေ

ပျောက်ဆုံးသွားခဲ့တဲ့နောက်ပိုင်း ဇနီးသည်ကို သတ်ပစ်ခဲ့တာဖြစ်နို်င်ကြောင်း Rachna ရဲ ့ဦးလေးအရင်းဖြစ်သူကဆိုပါတယ်။

ရဲတပ်ဖွဲ ့ဝင်တွေဟာ ဒီကိစ္စနဲ ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူနဲ ့အခြား ၁၁ ယောက်ကို စုံစမ်းစစ်ဆေးလျက်ရှိတဲ့အပြင် ဒေါက်တာ Pankaj Mishraကိုလည်း ဒီကိစ္စမှာ သွေးရိုးသားရိုးသေဆုံးခဲ့တယ်လို ့ဆုံးဖြတ်ခဲ့တာလား Chaudhary နဲ ့လက်ဝါးချင်းရိုက်စီစဉ်ခဲ့တာလားဆိုတာကိုပါ စုံစမ်းနေပါတယ်။

ဒေါက်တာ Pankaj ရဲ ့ဆေးစာထဲမှာ Rachna ဟာ ဖေဖေါ်ဝါရီ ၂၅ ရက်နေ ့ည ၁၁:၄၅ မှာသေဆုံးခဲ့တယ်လို ့ဖေါ်ပြထားပြီး အကြောင်းအရင်းကိုတော့ “cardio-respiratory arrest and acute respiratory distress syndrome” လို ့မှတ်ချက်ရေးသားထားပါတယ်။

ဆရာဝန်ကတော့ သူ ့ရဲ ့စစ်ဆေးတွေ ့ရှိချက်ဟာ မှန်ကန်မှုရှိတာကို အာမခံထားပါတယ် ။ဒါပေမယ့်လည်း Rachna ကတော့ မသေသေးဘဲနဲ ့

အသက်ရှင်လျက်မီးရှို ့တာကို ကြုံတွေ ့ခဲ့ရှာပါတယ်။

Source : Thadinatin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။