ဒီကနေ့ ည ၆နာရီမှာ စတင်ယှဉ်ပြိုင်ကစားကြမည့် မြန်မာ့ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနှင့် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရကီတို့ရဲ့ ပြိုင်ပွဲကြီးကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပနိုင်ငံအသီးသီးရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ပြင်းထန်တဲ့ခံယူချက်တွေနဲ့ ယှဉ်ပြိုင်ကြမယ့် ပွဲတစ်ပွဲဖြစ်တဲ့အပြင် နှစ်ဖက်ပြိုင်ဘက်ကစားသမားတွေရဲ့ အဓိကပွဲတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။  

ဒီကနေ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကြီးကတော့ အောင်လအန်ဆန်းရဲ့ ပြည်တွင်းနောက်ဆုံးပွဲတစ်ခုဖြစ်သလို ကာရာကီရဲ့ ရှုံးပွဲမရှိစံချိန်ထိန်းသိမ်းရန်နှင့် ချန်ပီယံအသစ်အဖြစ်ရပ်တည်နိုင်မယ့်အခွင့်အရေးတစ်ခုဆိုလည်းမှာမယ်မထင်ပါဘူး။ ဒီကနေ့ ပြိုင်ပွဲအတွက် လက်ရှိချန်ပီယံအောင်လအန်ဆန်းနှင့်အတူ ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ကာရာကီကတော့ အပြင်းအထန်လေ့ကျင့်မှုတွေနဲ့ အကောင်းဆုံးရလဒ်တွေအတွက်ပြင်ဆင်နေကြောင်း သိရပါတယ်။  

မကြာသေးမီက One Championship page ကမိုဟာမက်ကာရာကီရဲ့ ကြိုးစားလေ့ကျင့်မှုဗီဒီယိုဖိုင်လေးကိုပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ကာရာကီရဲ့ လက်ရှိခံစားနေရမှုတွေနဲ့အတူ ချန်ပီယံရလဒ်တွေအတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ ပရိသတ်တွေစိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမည့် ဒီကနေ့ညပြိုင်ပွဲကြီးမှာ အောင်လတစ်ယောက် ရှုံးပွဲမရှိဖိုက်တာတစ်ဦးဖြစ်တဲ့ မိုဟာမက်ကာရာကီကို ဘယ်လိုတိုက်ကွက်တွေနဲ့ အလဲထိုးသွားမလဲ....?...ဒါမှမဟုက် ချန်ပီယံအသစ်ပဲ ထွက်ပေါ်လာမလားဆိုတာစောင့်ကြည့်ရင်း ကာရာကီရဲ့ဗီဒီယိုဖိုင်နှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Vedio - One Championship 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။