ဖီလစ်ပိုင်နိုင်ငံက ပိတ်ထားတဲ့ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဘိုရာကေး ကျွန်းကိုပြန်လည်ဖွင့်လှစ်ပေးတော့မယ်လို့သိရပါတယ်။

ဒီကျွန်းဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် လည်ပတ်သွားရောက်ခွင့် ပိတ်ခံထားရတဲ့ကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။ 

ဒီဘိုရာကေးကျွန်းကတော့ ဖီလစ်ပိုင်နိုင်ငံရဲ့ ထိပ်တန်းလည်ပတ်စရာနေရာတစ်ခုဖြစ်သလို ယခင်မပိတ်ခင်က လာရောက်လည်ပတ်သူတွေများစွာရှိခဲ့တာပဲဖြစ်ပါတယ်။

ပိတ်ထားတာ ၆ လလောက်ရှိပြီဖြစ်တဲ့ ဒီကျွန်းကိုတော့ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာစတင်ပြီးပြန်လည်ဖွင့်လှစ်ပေးတော့မှာပဲဖြစ်ပါတယ်။ 

၎င်းကျွန်းနဲ့ပတ်သတ်ပြီးတာဝန်ရှိသူတွေကတော့ ဒီကျွန်းဟာ ကမ္ဘာပေါ်ကအလှပဆုံးနေရာတွေထဲကတစ်ခုဖြစ်တာကြောင့် နေ့စဉ် ကမ္ဘာလှည့်ခရီးသည် အယောက် ၁၉၀၀၀ လောက်လာရောက်နိုင်တယ်လို့မျှော်မှန်းထားတယ်လို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။