လူတစ်ယောက်အတွက် လိင်မှုကိစ္စဟာ အရေးကြီးတဲ့အထဲပါဝင်နေပါတယ်။အိမ်ထောင်ပြုပြီးတဲ့ လူတစ် ယောက် ဟာအိမ်ထောင်မပြုပဲ တစ်ကိုယ်တည်း နေသူတွေထက် ပိုထက်မြက်တယ် ပိုတက်ကြွတယ်။ပြီးတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုပေမဲ့လည်း အိပ်ချိန်မှန်တာရယ် အစားအသာက်ကိုလည်း ပုံမှန်စားပြီး အာဟာရရှိတဲ့ အစားစာတွေကို စားပေဖို့လိုပါတယ်။ လိင်မှုကိစ္စပုံမှန် လုပ်သူတွေအတွက် ရောဂါကူးစက်ခြင်း၊ ဗိုင်းရပ်စ် တွေတိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေတယ်။

မိန်းကလေးတွေ အတွက်တော့ လိင်မှုကိစ္စဟာ သားအိမ်ကိုကျန်းမာစေပြီး ဆီးအိမ်ကိုကောင်းစေတယ်၊ သွေးလည်ပတ်မှုကို ကောင်းစွာလည် ပတ်စေပါတယ်။အမျိုးသမီးတွေ အနေနဲ့ ပုံမှန်မြန်ကန်စွာ လိင်မှုကိစ္စရှိ ခြင်းဟာ တင်ပါးဆုံကြွက်သားတွေကို သန်မာစေတဲ့အပြင် သွေးဖိအားကိုလျော့ကျစေပြီး ပုံမှန်ဖြစ်စေတယ်။ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး ဟော်မုန်းမညီမျှခြင်းကိုလည်း ထိန်းချုပ်ထားနိုင်ပါတယ်။

လိင်မှုကိစ္စဟာ သုတ်ရည်ဂလင်းကင်ဆာဖြစ်ပွားမှုကို လျော့ကျစေကြောင်း သိရှိရပါတယ်။ ပြီတော့ စိတ်ဖိစီး မှုကိုလည်း လျော့စေနိုင်ပါတယ်။ ဦးနှောက်ကို ဖွံ့ဖြိုးပျော်ရွင်စေတယ်။ ဒါကြောင့် ပျော်ရွင်မှုကိုလည်း ပေးနိုင် သလို အမြဲတမ်း တက်ကြွလန်းဆန်းစေကြောင်းသိရှိရပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အချိန်ကျရောက် တဲ့အခါ ကိုယ်ရဲ့လက်တွဲဖော်နဲ့ အမြဲတစ်သက် ပြုံးပျော်နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။