တရုတ်နိုင်ငံထဲက မူလတန်းကျောင်းတစ်ခုမှာတော့ ဓားကိုင်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံတောင်ပိုင်း ချောင်ကျင်းပြည်နယ်ထဲက မူလတန်းကျောင်းထဲမှာဖြစ်ခဲ့တာဖြစ်သလို တိုက်ခိုက်ခဲ့သူကတော့ အသက် ၃၉ နှစ်အရွယ် လျူ ဆိုတဲ့ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။  

၎င်းအမျိုးသမီးကတော့ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မနက်ပိုင်းမှာ ကျောင်းအတွင်းကို မီးဖိုချောင်သုံး ဓားတစ်လက်ကိုင်ဆောင်ပြီးဝင်ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကျောင်းထဲမှာ ကစားနေတဲ့ကလေးငယ်တွေကို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။  

သူမရဲ့အခုလိုတိုက်ခိုက်မှုကြောင့် အပြစ်မရှိတဲ့ကလေးငယ် ၁၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြသလို ၂ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တဲ့သူမရဲ့နောက်ကွယ်က အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပေမယ့် အပြစ်မရှိဘဲ ခံခဲ့ရတဲ့ကလေးငယ်တွေရဲ့ဘဝကတော့ သနားစရာအရမ်းကောင်းလှပါတယ်။  

source -Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။