မြန်မာ့ကိုယ်စားပြု ယှဉ်ပြိုင်လျှက်ရှိတဲ့ ပြည်တွင်းဖိုက်တာတွေထဲမှာ ဖိုးသော်ကတော့တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ One Championship (MMA) ပြိုင်ပွဲယှဉ်ပြိုင်မှုမှာ ရှုံးပွဲမရှိစံချိန်တင်ထားနိုင်သူတစ်ယောက်ဖြစ်တာတွေ့ရပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၆ရက်နေ့ မှာယှဉ်ပြိုင်မည့် PUTSUIT OF GREATNESS ပြိုင်ပွဲကြီးမှာ အဓိကပွဲကြီးဖြစ်တဲ့ အောင်လအန်ဆန်းနှင့် မိုဟာမတ် ကရာကီတို့အပြင် ဖိုးသော်ရဲ့ ပွဲတစ်ပွဲလည်း ပါဝင်နေတာတွေ့ရပါတယ်။   

အဆိုပါ ပြိုင်ပွဲမှာ မြန်မာ့ကိုယ်စားပြုဖိုးသော်ကတော့ မလေးရှားနိုင်ငံသား ပြိုင်ဘက်ကစားသမား SUBBA နှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေရဲ့ အားသာချက်အားနည်းချက်တွေကို ရင်ဖွင့်ခဲ့ကြတာတွေ့ရပါတယ်။ ဒီကနေ့ တွေ့ရမယ့်ပွဲမှာ မြေပိုင်းကျွမ်းကျင်သူ SUBBA ကိုအလဲထိုးနိုင်ရန် ဖိုးသော်ရဲ့ ပြင်ဆင်မှုတွေနဲ့အတူ ဖိုးသော်ရဲ့ တိုက်ကွက်တွေကို အဓိကထားထိုးသတ်သွားမဲ့ SUBBAတို့ရဲ့ ဗီဒီယိုဖိုင်လေးက ပရိသတ်တွေကြားရေပန်းစားနေတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာတော့ ဖိုးသော်နှင့်SUBBAတို့ရဲ့ ထိုးသတ်မှုရလဒ်တွေနဲ့အတူ ပြိုင်ဘက်ကစားသမားတွေရဲ့ အားသာချက်အားနည်းချက်တွေကို ပြောပြထားခဲ့ကြတာတွေ့ရပါတယ်။  

ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ကြိုးစားလေ့ကျင့်လျှက်ရှိတာကိုတော့ တွေ့ရပါတယ်။ လက်ရှိ အောက်တိုဘာလ ၂၆ရက်နေ့ ပွဲစဉ်စာရင်းကတော့ စုစုပေါင်းပွဲစဉ် ၁၂ ပွဲပါရှိပြီး ကြားပွဲစဉ်များထည့်သွင်းသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်လာမည့် ဖိုးသော်နှင့် မလေးရှားဖိုက်တာ SUBBAတို့ရဲ့ ပွဲစဉ်ကိုလည်း ရင်ခုန်စွာစောင့်စားရင်း အားပေးရင်း ဘယ်လိုတိုက်ကွက်တွေနဲ့ အနိုင်ယူမယ်ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VEDIO - ONE CHAMPIONSHIP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။