ဒီကနေ့ ည ၆နာရီမှာ စတင်ယှဉ်ပြိုင်ကစားကြမည့် မြန်မာ့ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနှင့် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရကီတို့ရဲ့ ပြိုင်ပွဲကြီးကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပနိုင်ငံအသီးသီးရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ပြင်းထန်တဲ့ခံယူချက်တွေနဲ့ ယှဉ်ပြိုင်ကြမယ့် ပွဲတစ်ပွဲဖြစ်တဲ့အပြင် နှစ်ဖက်ပြိုင်ဘက်ကစားသမားတွေရဲ့ အဓိကပွဲတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။  

ဒီကနေ့ အောင်လအန်ဆန်းရဲ့မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကြီးကတော့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံဂုဏ်၊ ချန်ပီယံဂုဏ်တို့အတွက်ကြိုးစားရုန်းကန်ရမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ ပြိုင်ပွဲအတွက် ရောက်ရှိလာပြီဖြစ်ပြီး ကွင်းအတွင်းလေ့ကျင့်မှုတွေနဲ့အတူ ပရိသတ်တွေနှင့်အတူတွေ့ဆုံသွားမှာဖြစ်ကြောင်း သိရပါတယ်။  

စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့အပြင် လက်ရှိပြည်တွင်း ပြည်ပလက်ဝှေ့ချစ်ပရိသတ်တွေမျှော်လင့်စောင့်စားနေတဲ့ ပြိုင်ပွဲကြီးတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ ကဲ ပရိသတ်ကြီးရေ မကြာမီယှဉ်ပြိုင်တော့မယ့် အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို အတူတူအားပေးရင်း အောင်လတစ်ယောက်အကောင်းဆုံးရလဒ်တွေပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ကြရအောင်နော်....။

Photos - BBC B 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။