မိန်းကလေးတစ်ယောက်ရဲ့ ဒုတိယအသက်ဟာ ဆံပင်ပါပဲ။ ကျန်းမာသန်စွမ်းတဲ့ ဆံပင်လေးကိုပိုင်ဆိုင်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိမ်မက်ပါ။ ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကို ရရှိဖို့ဆိုတာ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ တိုက်ရိုက်အချိုးကြပါတယ်။ ဓာတုဆေးဝါးတွေမသုံးပဲ သင့်ရဲ့ ဆံပင်လေး နက်မှောင်ပြီး ကျန်းမာသန်စွမ်းနေဖို့ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အစားအစာ (၁၀)မျိုးထဲက တစ်ခုခုကို နေ့စဉ်စားပေးရုံနဲ့ နက်မှောင်လှပတဲ့ ဆံပင်လေးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

(၁) ကြက်ဥ

ကြက်ဥမှာပါဝင်တဲ့ ပရိုတင်းနဲ့ ဘိုင်အိုတင်း ဓာတ်တွေဟာ ဆံပင်ကို ပိုပြီး မြန်မြန် ရှည်စေနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ ဆံပင်ကြီးထွားမှုနဲ့ ဆံပင်အရင်းပိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥမှာဆိုရင် ဆံပင်ကိုကျန်းမာသန်စွမ်းစေတဲ့ Zinc ၊ ဆီလီးနီယမ် စတဲ့ ဓာတ်တွေပါဝင်တာကြောင့် ဆံပင်အတွက် စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

(၂) ဟင်းနုနွယ်ရွက်

အစိမ်းရောင် အရွက် တစ်မျိုး ဖြစ်တဲ့ ဟင်းနုနွယ်မှာဆိုရင် ဖောလစ်၊ iron၊ ဗီတာမင် A၊ C တွေပါဝင်တာကြောင့် ဆံသားကို ကျန်းမာစေပြီး မြန်မြန်ရှည်စေနိုင်ပါတယ်။ ဗီတာမင် A ဟာဆိုရင် ဦးရေပြားခြောက်သွေ့မှုကို အဓိက ကာကွယ်ပေးတာကြောင့် ဆံသားခြေက်သွေ့ ကြမ်းတမ်းမှုမှလျော့နည်းစေပါတယ်။ သံဓာတ်အများဆုံးပါဝင်တာကြောင့် ဆံသားကောင်းမွန်ဖို့ အတွက် လွန်စွာ အထောက်အကူပြုပါတယ်။

(၃) ငါး

ငါးသေတ္တာငါးလို အဆီဓာတ်ပြည့်ဝတဲ့ ငါးတွေကို စားသုံးခြင်းဖြင့် ဆံပင်ကို လျင်မြန်စွာ ရှည်စေနိုင်ပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ ဟာဆိုရင် antioxidants ကိုလျော့ချပေးနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပြီး ဆံသားကိုလည်းနက်မှောင် ထူထည်းစေပါတယ်။

(၄) အာလူး

အာလူးကိုစားသုံးခြင်းဖြင့် ဗီတာမင် A ဓာတ်ကို ရရှိစေနိုင်တာကြောင့် ဆံပင်အရင်းကနေကာကွယ်ပေးပြီး ဆံသားတွေကို နက်မှောင်ထူထည်း စေပါတယ်။

(၅) ထောပတ်သီး

ထောပတ်သီးဟာဆိုရင် ကောင်းမွန်တဲ့ အရသာကိုပေးစွမ်းနိုင်ရုံသာမက ကျန်းမာရေးအတွက်လည်း အရမ်းကို အထောက်အကူပြုတဲ့ အသီးဖြစ်ပါတယ်။ သူ့မှာ ဆိုရင် ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးရေပြားမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။

(၆) ဖရုံစေ့၊ နေကြာစေ့

အခွံမာသီးတွေက ရရှိတဲ့ အစေ့အဆံ တစ်မျိုးဖြစ်တဲ့ ဖရုံစေ့ နဲ့ နေကြာပန်းပွင့်ကနေရရှိ တဲ့ နေကြာစေ့ တို့မှာဆိုရင် ဗီတာမင် E ၊ B စတဲ့ ဓာတ်တွေပါဝင်တာကြောင့် ဆံသားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

(၇) ငရုပ်သီးပွ

ငရုပ်သီးပွမှာဆိုရင် ဗီတာမင် C၊ A ဓာတ်များ ပြည့်ဝစွာပါဝင်တာကြောင့် collagen ကိုတိုးစေပြီး ဆံသားကို ကျန်းမာ သန်စွမ်းစေနိုင်ပါတယ်။

(၈) ပုဇွန်

ပုဇွန်မှာဆိုရင် ပရိုတင်း၊ ဗီတာမင် B၊ C၊ zinc၊ iron ဓာတ်တွေပါဝင်တာကြောင့် ဆံသားအတွက် လိုအပ်တဲ့ ကျန်းမာမှုကိုဖြည့်တင်းပေးနိုင်ပြီး ဆံသားတွေကျွတ်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

(၉) ပဲအမျိုးမျိုး

ပဲလို့ ပြောလိုက်ရင်တော့ ပဲနီလေး၊ ပဲဝါ ၊ကုလားပဲ အများကြီးပဲရှိပါတယ်။ ပဲမှာပါဝင်တဲ့ ပရိုတင်း၊ zinc နဲ့ ဘိုင်အိုတင်း ဓာတ်တွေဟာဆိုရင် ဆံသားကို အထူးကောင်းမွန်စေနိုင်ပါတယ်။

(၁၀) အသား

အသားဆိုတာ လူတွေနေ့စဉ်စားသုံးနေတဲ့ အစားအစာထဲမှာ အဓိကပါဝင်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။ Protein ဓာတ်တွေပြည့်ဝစွာ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပြီး ဆံသားမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

Source:www.healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။