တနင်္လာနေ့ (၂၉.၁၀၂၀၁၈) နေ့မှာ ကံကောင်းချင်တယ် ဆိုရင်တော့ အဝါရောင် ၊ ငွေရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို အသုံးပြုပါ။ ဘုရားမှာ အုန်းညွှန့် ၁၃ ညွှန့်လှူပါ။ ၅ ဂဏန်း၊ ၃ ဂဏန်း၊ ၄ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းချင်လျှင် စာအုပ်စင်မှာ နိမိတ်ကောက်ယူပါ။ ညှိနှိုင်းရခက်သူတွေနဲ့ ပြေလည်သွားနိုင်ပါတယ်။

အင်္ဂါနေ့ (၃၀.၁၀.၂၀၁၈) ရက်နေ့မှာ ကံကောင်းချင်ရင် ပန်းရောင်၊ အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဘုရားမှာ ပေါက်စီ ၃ လုံး ဆွမ်းတော်တင် ကပ်လှူပါ။ ၆၊ ၅၊ ၈ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းစေဖို့ မုန့်ထုပ်ပေါ်မှာ နိမိတ်ကောက်ယူပါ။ ဒီနေ့က အတွက်အဆ မှားတတ်တဲ့ နေ့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ (၃၁.၁၀.၂၀၁၈) နေ့မှာ ကံကောင်းချင်ရင် အဖြူရောင်၊ အစိမ်းရောင်၊ ငွေရောင် အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဘုရားမှာ သပြေ ၇ ညွှန့် ကပ်လှူပါ။ ၇၊ ဝ၊ ၆ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းချင်ရင် ရေချိုးခန်းမှာ နိမိတ်ကောက်ယူပါ။ ဒီနေ့က အပျက်အစီး အဆုံးအရှုံးများတဲ့ နေ့ပါပဲ။

ကြာသာပတေးနေ့ (၁.၁၁.၂၀၁၈) ရက်နေ့မှာ ကံကောင်းချင်ရင် အဖြူရောင်၊ ငွေရောင် အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ဆွမ်းတော်တင် ကပ်လှူပါ။ ၅၊ ၁၊ ၃ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းချင်ရင် စာအုပ်အဖုံးမှာ နိမိတ်ကောက်ယူပါ။ ဒီနေ့က အကြီးအကဲ ဆရာတွေရဲ့ အကူအညီကို ရတတ်တဲ့ နေ့ပါပဲ။

သောကြာနေ့ (၂.၁၁.၂၀၁၈) ရက်နေ့မှာ ကံကောင်းချင်ရင် ပန်းရောင်၊ အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဘုရားမှာ စမူဆာ ၅ခု ဆွမ်းတော်တင် ကပ်လှူပါ။ ၆၊ ၃၊ ၅ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းစေဖို့ စက်ဘီးစီးလာသူကို နိမိတ်ကောက်ယူပါ။ ဒီနေ့က သတင်းကောင်း ကြားရတတ်တဲ့ နေ့ပဲ ဖြစ်ပါတယ်။

စနေနေ့ (၃.၁၁.၂၀၁၈) ရက်နေ့မှာ ကံကောင်းချင်ရင် အစိမ်းရောင်၊ အဖြူရောင် အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဘုရားမှာ သံပရာရည် ကပ်လှူပါ။ ၇၊ ၆၊ ၁ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းချင်ရင် ဈေးသည် အသံကို နိမိတ်ကောက်ယူပါ။ ဒီနေ့က စကားများ ဖြေရှင်းရတတ်တဲ့ နေ့ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ (၄.၁၁.၂၀၁၈) ရက်နေ့မှာ ကံကောင်းချင်ရင် ခရမ်းရင့်ရောင်၊ အနက်ရောင် အဝတ်အစား အသုံးအဆောင်တွေကို အသုံးပြု ဝတ်ဆင်ပါ။ ဘုရားမှာ ခေါက်ဆွဲကြော် ဆွမ်းတော်တင် ကပ်လှူပါ။ ၈၊ ၂၊ ၄ ဂဏန်းတွေကို အသုံးပြုပါ။ ဒီနေ့အတွက် ကံကောင်းစေဖို့ ကလေးပြောစကားကို နိမိတ်ကောက်ယူပါ။ ဒီနေ့က မလုပ်ချင်တဲ့ အလုပ်တွေ လုပ်ရတဲ့နေ့ ကြုံရတဲ့နေ့ပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဆရာ ဇင်ယော်နီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။