လီဗာပူးနည်​းပြ က​လော့ပ်​မှ ရာသီကုန်​ ​နွေရာသီအ​ပြောင်​းအ​ရွှေ ့ကာလ၌ ကစားသမားသစ်​​တွေ​ခေါ်ယူဖို့ ​ငွေသုံးဆွဲမည်​ဖြစ်​​ကြောင်​း အတည်​ပြု​ပြောကြားလိုက်​ပါတယ်​။

"ကျွန်​​တော်​တို့အ​နေနဲ့ မှန်​ကန်​တဲ့ ​ခေါ်ယူမှု​တွေလိုအပ်​​နေဆဲပါ။ ဒါ​ပေမယ်​့ လူသစ်​​ခေါ်ဖို့လိုတာက​တော့ ​သေချာပါတယ်​။ အဲ့ဒီ့အတွက်​လည်​း စတင်​လုပ်​ရှား​နေပြီ။ အသင်​း​ခြေစွမ်​းမမှန်​​တော့ရင်​ လူ​တွေက ကစားသမားသစ်​​ခေါ်ဖို့ ​တောင်​းဆို​လေ့ရှိပြီး ကျွန်​​တော်​တို့ အ​နေနဲ့လည်​း ​နွေရာသီမှာ ​ငွေသုံးဆွဲသွားဖို့ အသင်​့ရှိ​နေပါတယ်​'' လို့ က​လော့ပ်​မှ ဆိုပါတယ်​။

လီဗာပူးအသင်​းဟာ ရာသီအစက မာ​နေးအပါအဝင်​ အခြားကစားသမားအချို့အား ​ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်​ ချန်​ပီယံဆုအတွက်​ စိန်​​ခေါ်ခဲ့​ပေမယ်​့ 2017 မှာ​တော့ အသင်​းရလဒ်​ဆိုးရွား​နေခဲ့ပြီး​နောက်​ ယခုရာသီ အဆင်​့​လေးဝင်​ဖို့သာ ​မျှော်​လင်​့ချက်​ရှိ​နေပါတယ်​။

#Conia(တမူး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။