သေဆုံးသွားပြီဖြစ်တဲ့စပိန်အာဏာရှင်ဟောင်း ဖရန်သီစကိုဖရန်ကို ရဲ့ရုပ်အလောင်းကိုတော့ အယ်မွန်ဒေနာဘုရားကျောင်းအတွင်းမှာမြှုပ်နှံသွားမယ်လို့သိရပါတယ်။

ယခုသေဆုံးခဲ့တဲ့ အာဏာရှင်ဖရန်ကိုဟာ သူအုပ်စိုးခဲ့တဲ့ အနှစ် ၄၀ နီးပါးကာလလုံးမှာ သူ့ကိုဆန့်ကျင်သူတွေကို သောင်းနဲ့ချီပြီးသတ်ပြစ်ခဲ့သလို အကျဉ်းတွေလည်းချပြစ်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ 

ယခုသူ့အလောင်းကိုမြှုပ်နှံမယ့်ကိစ္စနဲ့ပတ်သတ်ပြီး စပိန်စာရေးဆရာဖြစ်တဲ့ အီယန်ဂစ်ဘ်ဆွန်ဟာ “ဖရန်ကိုရဲ့ မိသားစုက ရုပ်အလောင်းကို ဘုရားကျောင်းအောက်မှာ မြှုပ်နှံချင်နေကြတယ်။ ဒါက တုန်လှုပ်ချောက်ချားစရာပါပဲ။ ဒါဟာ စိန့်ပီတာဘုရားကျောင်းမှာ မူဆိုလီနီ ရုပ်အလောင်းကို မြှုပ်နှံသလိုပဲ။ ဖရန်ကိုရဲ့ ရုပ်အလောင်းကို ဘုရားကျောင်းမှာ မြှုပ်နှံတာဟာ အကျည်းတန်ပါတယ်” ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံအတွင်းမှာလည်း ယခုမြုပ်နှံမယ့်ကိစ္စကိုလက်မခံနိုင်တဲ့ ပြည်သူလူထုတွေက ဆန္ဒတွေပြနေကြပါတယ်။  

ဆန္ဒပြသူတစ်ဦးဟာဆိုရင်လည်း” ဖရန်ကိုရဲ့ ရုပ်အလောင်းကို မြို့ပြင်က သင်္ချိုင်းထဲမှာ သူ့မိသားစုဝင်တွေနဲ့အတူ မြှုပ်နှံသင့်ပါတယ်။ အယ်မွန်ဒေနာ ဘုရားကျောင်းလို အထင်ကရနေရာမှာတော့ မမြှုပ်နှံသင့်ပါဘူး။ မဟုတ်လည်း ကျဆုံးစစ်သည် တောင်ကြားမှာ မြှုပ်သင့်ပါတယ်” လို့ပြောကြားထားပါတယ်။

ဒါ့အပြင်နောက်တစ်ဦးဟာဆိုရင်လည်း” ကျနော့်သဘောကိုပြောရင်တော့ တခြားစပိန်ပြည်သူတွေလိုပဲ ဖရန်ကိ့ု့ကို မြောင်းထဲပစ်ချချင်တယ်၊ ဘုရားကျောင်းထဲမှာတော့ မမြှုပ်ချင်ဘူး “ လို့ပြောကြားထားတာတွေ့ရပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။