မတ်လ ၁၈ ရက်နေ ့မှာ ကျင်းပမယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးအတွက် ရွေးချယ်ခံရသော ရွှေကြိုအမျိုးသမီး (၈) ဦး

အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မတ်လ (၁၈) ရက်နေ ့မှာ ပြည်သူ ့ရင်ပြင်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။

အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုများအဖြစ် အမျိုးသား (၈) ဦးနဲ ့အမျိုးသမီး (၈) ဦး စုစုပေါင်း (၁၆) ဦးကို ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီထဲကနေ အမျိုးသမီး ရွှေကြို (၈) ဦးကို ပရိသတ်ကြီးတွေ ့မြင်နိုင်ဖို ့တင်ဆက်ပေးလိုက်ပါတယ်နော်။

ရွေးချယ်ခံရတဲ့အမျိုးသမီးရွှေကြို (၈) ဦးကတော့

အကယ်ဒမီဆုနှင့်အတူ ရွှေကြိုဆိုတာကလည်း နတ်ကြီးတဲ့အတွက် ရွေးချယ်ခံရတာကို ဂုဏ်ယူမိတယ်ဆိုတဲ့ ဟေသာလင်းလက်၊

ရွှေကြိုကတဆင့်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်စေဖို ့အကောင်းဆုံးအခွင့်အရေးတွေရလာမယ်လို ့ယုံကြည်ထားတဲ့ နှင်းရွှေရည် (ခ) ထက်ထက်၊

ရွှေကြိုအနေအထားနဲ ့ရပ်မထားဘဲ အနုပညာအလုပ်တွေကိုအကောင်းဆုံးဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ နှင်းဝတီကျော၊်

ရွှေကြိုကတဆင့် အနုပညာလောကထဲကို ဝင်ရောက်မယ်လို ့ဆုံးဖြတ်ထားပြီး ပရိသတ်အားပေးရကြိုးနပ်စေမယ့် အကောင်းဆုံးသရုပ်ဆောင်

တစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ မိယဉ်စနိုင်း၊

ရွှေကြိုတစ်ယောက်အနေနဲ ့အကယ်ဒမီစင်မြင့်ထက်မှာ အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပြီး သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လက်လုပ်ဆောင်သွား

မယ်ဆိုတဲ့ မိုးပွင့်ဖြူဟန်၊

ရွှေကြိုကတစ်ဆင့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာမယ်လို ့ အာမမခံနိုင်ပေမယ့် ကြိုးစားမှု ဝီရိယ နှင့် ထပ်တူ အနေအထားတစ်ခု

ရလာလိမ့်မယ်လို ့ယုံကြည်တဲ့ နေခြည်ရွှန်းလက်၊

ရွှေကြိုပြီးရင် သရုပ်ဆောင်အနေနဲ ့ရပ်တည်သွားမယ်လို ့ဆုံးဖြတ်ထားတဲ့ နေရည်ဝင်းလက်၊

ရွှေကြိုကို ပရိသတ်ရဲ ့အားပေးမှုကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး ရွေးချယ်ခံရတဲ့အတွက်လည်း ပရိသတ်အတွက် တာဝန်ကျေစေမယ့် လူတစ်ယောက်အဖြစ်ရပ်တည်သွားမယ်လို ့ဆုံးဖြတ်ထားတဲ့ ပြည့်ဝတီမောင် တို ့ပဲဖြစ်ပါတယ်။

Source : Sunday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။