ပြင်သစ်နိုင်ငံသား အလန်ဟူးဘတ်ကတော့ လန်းဒန်မြို့ကအမြင့်ဆုံးအဆောက်အဦးတွေထဲကတစ်ခုဖြစ်တဲ့ ဟီရွန်တာဝါပေါ်ကို တွယ်တက်ခဲ့ပါတယ်။

သူဟာ အသက် ၁၁ နှစ်အရွယ်လောက်ထဲက အမြင့်တက်တာကို ဝါသနာပါလှသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူရဲ့အသက်ဟာ ၅၆ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။  

သူဟာ ဒူးဘိုင်းမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဘုခါလီဖာတာဝါအပြင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မိုးမျှော်တိုက် ၁၅၀ ကျော်ကျော်လောက်ထိကို တွယ်တက်ပြခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူအခုတက်ခဲ့တဲ့ ဟီရွတ်တာဝါ ဟာဆိုရင်လည်း မီတာ ၂၃၀ မြင့်တဲ့အဆောက်အဦးတစ်ခုဖြစ်သလို တာဝါထိပ်ကိုရောက်ဖို့ အချိန် ၁ နာရီလောက်တက်ခဲ့ရတာပဲဖြစ်ပါတယ်။

သူတွယ်တက်တာကိုမြင်တွေ့ခဲ့သူတစ်ဦးကလည်း “လူတွေရပ်ပြီး ဟိုအပေါ်ကို ကြည့်နေတာကို တွေ့တယ်။ ကျမက ဘာဖြစ်နေမှန်း မသိဘူး။ တယောက်ကပြောတယ်။ လူတယောက် ဘာအကူအညီမှ မပါဘဲ တိုက်ပေါ် တွယ်တက်နေတယ်တဲ့။ ဒီလိုမြင်ကွင်းမျိုး တွေ့ရတာကိုက တကယ်ကို ဆန်းတယ်။ အဲဒီလူ တကယ် သတ္တိရှိတယ်။ မိုက်ရူးရဲ ဆန်တယ်ပြောရင် ပိုမှန်လိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။ 

အလန်ဟူးဘတ်ဟာ တာဝါထိပ်ကိုတက်ရောက်အောင်တက်နိုင်ခဲ့ပြီး ပြန်ဆင်းလာတဲ့အချိန်မှာတော့ ရဲတပ်ဖွဲ့ဟာ သူ့ကို အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အလန်ဟူးဘတ်ဟာ စပိုက်ဒါမန်းလုပ်ပြီး အခုလိုခွင့်ပြုချက်မဲ့ အထပ်မြင့်အဆောက်အဦးတွေပေါ် တွယ်တက်မှုကြောင့် အကြိမ်ကြိမ်လက်ထပ်နဲ့ညားခဲ့သူတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့သမိုင်းမှာ မှတ်တိုင်သစ်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့တဲ့အတွက် သူကတော့ ပျော်ရွှင်နေခဲ့ပါတယ်။ 

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။