လူကြမ်းမင်းသားကြီးပြောပြချက်အရ ရိုက်ကွင်းနောက်ကွယ်မှ အနုပညာရှင်တစ်ချို့အကြောင်း

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘဝကြမ်းကြမ်း လူကြမ်းမင်းသားကြီးဆိုတဲ့ ဦးမင်းစိန်ရဲ့ ဘဝအကြောင်းဟာ မြန်မာဇာတ်ကားအမာခံပရိသတ်များသာမက အားလုံးကို ဝမ်းနည်းစိတ်မကောင်းဖြစ်စေခဲ့ရပါတယ်။ အားလုံးသိထားတဲ့ အတိုင်း မြန်မာ့ရုပ်ရှင်စျေးကွက်အရ အရံသရုပ်ဆောင် လူကြမ်းသရုပ်ဆောင်တွေဟာ အနုပညာကြေးအနည်းငယ်သာ ရရှိကြပါတယ်။

ဦးမင်းစိန်ရဲ့ ပြောဆိုချက်အရ သူဟာ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀၀ ဝန်းကျင်ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ လူကြမ်းသရုပ်ဆောင်လုပ်တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သိပ်မလုပ်နိုင်တော့ပဲ လက်ရှိမှာတော့ ကြုံရာကျပန်းသာလုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ ဦးမင်းစိန်ရဲ့ ပြောကြားချက်အရ ဖန်သားပြင်ပေါ်က မင်းသမီးအချို့ရဲ့ ရိုက်ကွင်းပေါ်က အကြောင်းအရာတွေကို သိရှိခဲ့ရပြီး ထိုအကြောင်းအရာတွေဟာ ပရိသတ်ကြား ဝေဖန်စရာတွေ ဖြစ်လို့နေပါတယ်။

မင်းသမီးတွေကို အလိုမတူ ဖျက်ဆီးဖို့ကြိုးစားတဲ့ ဇာတ်ဝင်ခန်းကို ဒါရိုက်တာက ပီပြင်အောင်ကြိုးစားခိုင်းတာကြောင့် အရှိန်လွန်ပြီး အကယ်ဒမီ စိုးမြတ်နန္ဒာစိတ်ဆိုးခဲ့ဖူးတာနဲ့ ပတ်သတ်ပြီး

"ဒါဒါ နဲ့ဆိုအအော်တောင်ခံရတယ်။ ဦးမင်းစိန် ရှင်ဘယ်လိုဖြစ်နေတာလဲ။ ဒီမှာ နှုတ်ခမ်းမွှေးတွေ စူးကုန်ပြီ" ဆိုပြီး မင်းသမီးစိတ်ဆိုးပြီး ရိုက်ကူးရေးမရိုက်ဘဲ အိမ်ပြန်မယ်ဆိုတာကြောင့် မနည်းတောင်းပန်ခဲ့ရတယ် ဆိုပြီး ပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ မင်းသားအချို့ကို ကွန်ဖူးဆရာအဖြစ် သင်ကြားပေးဖို့ ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ လူကြမ်းမင်းသားနေရာ ရောက်မှန်းမသိရောက်လာခဲ့တယ် လို့ သိရပါတယ်။

မင်းသား ရဲကိုကို နဲ့ ရဲမင်းပိုင် တို့ကို သင်တန်းနည်းပြအဖြစ် သင်ပေးခဲ့ဖူးပြီး ရဲကိုကိုနဲ့ ရိုက်တဲ့ ဇာတ်ဝင်ခန်းမှာ မင်းသားရဲ့ လက်သီးချက်ကြောင့် မေ့လဲတဲ့အထိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရိုက်ကွင်းမှာ သရုပ်ဆောင်ရင်း မင်းသားတွေရဲ့ လက်သီးချက်တွေ ခြေနဲ့ကန်မိတာတွေ တုတ်နဲ့ရိုက်မိတာတွေ မကြာခဏခံခဲ့ရပေမယ့် လူကြမ်းတွေ သရုပ်ဆောင်ရင်း မင်းသားကို ထိမိရင် ရှုတင်မန်နေဂျာကို ဒီလူကြမ်းနဲ့မရိုက်ဘူးဆိုလို့ မရိုက်ရတာတွေ ရှိတယ်လို့ဆိုပါတယ်။

"မင်းသားကို ထိတာသိပ်မရှိပါဘူး။ မင်းသားက ဘရိတ်ပေါက်ရင်တော့ ဆောရီးတဲ့။ ကိုယ်တွေထိမိရင်တော့ နောက်မခေါ်နဲ့လို့ပြောတော ထမင်းငတ်မှာ" လို့ ဦးမင်းစိန်က ဆိုပါတယ်။

ယခုလက်ရှိအချိန်မှာတော့ ရိုက်ကွင်းကရခဲ့တဲ့ ဒဏ်ရာဗလပွနဲ့ အတူ သားသမီးငါးယောက်အတွက် သုံးဘီးဆိုင်ကယ်မောင်းရင်း ဝမ်းစာရှာနေရတယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ……

လူကြမ်းမင်းသားတွေဟာ ဇာတ်အိမ်အရ သရုပ်ဆောင်ကြတာဖြစ်တာမို့ ပရိသတ်တွေအနေနဲ့ ရောထွေးမမြင်မိစေဖို့ တိုက်တွန်းပြောကြားလိုပါတယ်……

Source: Local News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။