ကမ္ဘာကြီးပေါ်မှာတော့ နေ့ရက်တိုင်းနေ့ရက်တိုင်းမှာကို ထူးဆန်းမှုတွေကခနခနဆိုသလို ထွက်ပေါ်လာလို့နေပါတယ်။

အခုအခါမှာဆိုရင်လည်း တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ စတီးဇွန်းအရှည်တစ်ချောင်းကို လည်ချောင်းထဲမှာမြိုချထားပြီး တစ်နှစ်ကျော်လောက်နေထိုင်ပြခဲ့ပါတယ်။

ဒါဟာ တကယ့်ကိုမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် လက်တွေ့လုပ်ပြခဲ့တဲ့သူတစ်ဦးပေါ်ထွက်လာတာကြောင့် မယုံကြည်လို့မရတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

ထိုအမျိုးသားဇွန်းကိုမြိုချပစ်ခဲ့ပုံကတော့ သူဟာ စားသောက်ပွဲတစ်ခုမှာ သူငယ်ချင်းတွေနဲ့ အလောင်းအစားပြုလုပ်ပြီး စတီးဇွန်းကိုမြိုချခဲ့တာဖြစ်ပေမယ့် ဇွန်းရဲ့လက်ကိုင်ကို ကြိုးနဲ့ချည်ပြီး မြိုချပြအပြီးမှာ ပြန်ဆွဲထုတ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လက်တွေ့ပြုလုပ်ချိန်မှာ စီစဉ်ထားသလိုမဖြစ်ဘဲ ဇွန်းဟာ သူ့ရဲ့လည်ချောင်းထဲကျပြီး ပြန်ထုတ်မရဖြစ်ခဲ့ပါတယ်။

သိုပေမယ့် သူဟာ ဆေးရုံဆေးခန်းကိုမသွားဘဲ အခုလိုမြိုချထားတာကနေ ဘာဖြစ်လာနိုင်လဲဆိုတာကို သိချင်တဲ့အတွက် ဇွန်းကိုဒီအတိုင်းပဲ လည်ချောင်းထဲမှာပဲထားခဲ့ပြီး ဒီလိုထည့်ထားတာဟာ သူ့ကိုဘာမှမထိခိုက်စေဘူးဆိုတာသိလာချိန်မှာတော့ သူဟာ ဇွန်းကိုဒီအတိုင်းပဲဆက်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။

သူဇွန်းကိုမြိုချထားတာ တစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ သူဟာရင်ဘတ်ကိုအထိုးခံခဲ့ရသလိုလ အဲ့ဒီဒဏ်ကြောင့်ပဲ ရင်ဘတ်ကမခံမရပ်နိုင်အောင်အောင့်ပြီး အသက်ရှုလို့မရဖြစ်တာလာကြောင့် သူဟာ ဆေးရုံကိုသွားပြခဲ့ပါတယ်။

ဆရာဝန်တွေကို သူ့ရဲ့ရင်ဘတ်ကို ဓာတ်မှန်ရိုက်ကြည့်တဲ့အချိန်မှာတော့ လည်ချောင်းထဲကဇွန်းကိုတွေ့ရှိခဲ့ရတဲ့အတွက် ဆွံံ့အသွားခဲ့ရပြီး ဒါဟာတကယ့်ကိုဆန်းကြယ်လှတဲ့ဖြစ်ရပ်ပါပဲလို့ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဇွန်းဟာ သူ့ရဲ့အစာပြွန်ကိုဆိုးရွားစွာထိခိုက်နေတာကြောင့် ဆရာဝန်တွေက ဇွန်းကို ဖယ်ထုတ်ပစ်ဖို့ အချိန်နှစ်ရာရီကျော်ကြာကြိုးစားဖယ်ထုတ်ပစ်ခဲ့ရပါတယ်။

ဇွန်းအရှည်ကြီးတစ်ချောင်းကို လည်ချောင်းထဲမှာထားပြီး တစ်နှစ်ကျော်ကြာလူကောင်းတစ်ယောက်လိုပဲ အသက်ရှင်နေထိုင်လာခဲ့တဲ့ ဒီအမျိုးသားရဲ့အဖြစ်ကတော့ ယုံရခက်မယုံရခက်စရာတစ်ခုဖြစ်ခဲ့သလို အင်မတန်မှဆန်းကြယ်လှတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။