၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဆုပေးပွဲကျင်းပမယ့်အချိန်နီးကပ်လာပါပြီ ။ မတ်လ ၁၈ ရက်နေ့ ပြည့်သူ့ရင်ပြင်မှာ ရွှေတိဂုံစေတီတော်နောက်ခံထားပြီး ကျက်သရေမင်္ဂလာရှိရှိကျင်းပမှာဖြစ်ပါတယ် ။ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်ဖို့ သုံးနှစ်ပဲလိုတော့တဲ့အတွက် မြန်မာ့ရုပ်ရှင်နှစ်တစ်ရာဆီသို့ဆိုတဲ့ Theme ကိုဦးတည်ပြီးဖျော်ဖြေတင်ဆက်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ် ။

လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ သတင်းထွက်နေတဲ့ အကယ်ဒမီပွဲကိုသရုပ်ပျက်ဝတ်ဆင်လာသူများကို ပုဝါပေးပြီးခြုံခိုင်းမည်ဟူသောကိစ္စနှင့်ပါတ်သတ်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ‘‘ကျွန်တော်တို့ သရုပ်ဆောင်တွေက တစ်နှစ်ပတ်လုံး ခေတ်မီ အောင်ပဲဝတ်ဝတ် ဒီပွဲကျရင်တော့ မြန်မာ့ရိုးရာကို ဝတ်ရမယ်ဆိုတာ အထူးတလည်အသိပေးစရာမလို ပါဘူး။ အခုဟာက ထူးထူးခြား ခြား ပြည်သူ့ရင်ပြင်ကြီးမှာလည်း ကျင်းပခွင့်ရတာဖြစ်၍ မေတ္တာရပ်ခံတာပါ။ နှစ်တိုင်းနှစ်တိုင်းမှာ လည်း အားလုံးက သရုပ်ပျက်ဝတ် စားဆင်ယင်နေတယ်လို့တော့ မဆိုလိုပါဘူး။ တစ်ယောက်စ၊ နှစ်ယောက်စ ဆိုတာမျိုးပါလာတတ်၍ မေတ္တာရပ်ခံရခြင်း ဖြစ်ပါ တယ်’’ဟု မတ်လ ၃ ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့ပါတယ် ။

ထပ်မံပြီး ‘‘ကျွန်တော်တို့ ပဝါတွေ ဆောင်ထားမယ်ဆိုတာကလည်း လွန်ကဲစွာမှသာလျှင် ကူညီတဲ့အ နေနဲ့ ဆောင်ထားခြင်းသာဖြစ်ပါ တယ်။ ရုပ်ပျက်အောင် လိုက်ခြုံ၊ လွှမ်းပေးတာမျိုး လုပ်မှာမဟုတ် ပါဘူး။ အထူးအားဖြင့် စင်ပေါ် တက်ပြီး ဆုလက်ခံယူမယ့်လူက အဲဒီလိုဖြစ်ခဲ့ရင်တော့ စင်ပေါ် မတက်ခင် ကြိုပြီးမေတ္တာရပ်ခံပါ မယ်။ လိုအပ်ရင်ခြုံဖို့ ပဝါစီစဉ် ပေးမယ်’’ဟု ပဝါခြုံ မည့်ကိစ္စနှင့်ပတ်သက်၍ ဦးလူမင်းကပြောပြသွားပါတယ် ။

ဆုပေးပွဲကို မတ်လ ၁၈ ရက်နေ့ ည ၇ နာရီမှာစတင်ကျင်းပမှာဖြစ်ပြီး ရုပ်သံလိုင်းများမှလဲတိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ် ။ ဘယ်အနုပညာရှင်တွေ အကယ်ဒမီဆုကို ပိုင်ဆိုင်မလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုနိုင်မှာပါ ။

Source : 7daynews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။