ဒီနေ့ခေတ်မှာတော့ ကောင်မလေးတိုင်းလိုလို ကမ်းခြေသွားရင် ဘီကီနီ နှင့် ဓာတ်ပုံရိုက်ကာ ပုံတွေ တင်တာင မထူးဆန်းသလိုတောင်ဖြစ်နေပါပြီ။ နိုင်ငံခြားယဉ်ကျေးမှုအရ မထူးဆန်းတဲ့ အရာဖြစ်သော်လည်း ယဉ်ကျေးမှုနှင့် လွတ်လပ်ပိုင်ခွင့် ကို လွဲမှားနေတဲ့ သူတချို့ အတွက်တော့ အပြစ်မြင်နေတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။

မိမိလိင်ကို ခွဲစိတ်ကာ ပြုပြင်ထားတဲ့ မထက်အဖို့တော့ မကြာခဏဆိုသလို ပရိသတ်တွေရဲ့ ဝေဖန်မှု ဆဲရေးမှုတွေကို ခံနေရလွန်းလို့ ရိုးနေပြီလို့တောင်ပြောလို့ရမယ့် သူထဲမှာပါ ပါတယ်။ သို့သော်လည်း ဒီတစ်ခေါက်မှာတော့ သူမဟာ ရေကူးဝတ်စုံ ဘီကီနီ ဝတ်ကာ မိမိကိုကိုယ် ယုံကြည်မှုအပြည့်နှင့် ဓာတ်ပုံရိုက်ထားတာကို တွေ့ရပါတယ်။ သို့သော်လည်း သူမ ကို ဝေဖန်နေကြသူတွေဝေဖန်လို့ ရအောင်လို့ အဆဲမခံရတာကြာလို့ဆိုပြီး ရေးထားပါတယ်။

ပုရိသအချို့ အတွက်တော့ သူမရဲ့ အလှ က စွဲမတ်စရာကောင်တယ်လို့ပြောကြပြီး အချို့ကတော့ အဆဲတောင်းတာလားဆိုပြီးပြောနေကြပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။