ယခုရက်ပိုင်းမှာတော့ ဖေ့ဘွတ်တခွင်မှာ အဆိုတော် ဟန်ထွန်းကိုယ့်ကိုကိုယ်သတ်သေသွားပြီ ဆိုတဲ့ သတင်းတွေ၊ သတ်သေတာ မအောင်မြင်ဘူးဆိုတဲ့ သတင်းတွေ ပြန့်နှံ့နေပါတယ်။ တချို့ကတော့ သိပေမယ့်လည်း တချို့ ဟန်ထွန်းပရိသတ်တွေကတော့ တကယ်များ လုပ်ကြံသွားတာလားဆိုပြီး သံသယရှိမှုတွေ နှင့် ရှိနေခဲ့တယ်လို့သိရပါတယ်။

တကယ်တော့ ထိုကိစ္စဟာ Myanmar Idol အဆိုတော်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ရဲနောင်ဟာ သူပြိုင်ပွဲဝင်နေစဉ် အရင်ကဇာတ်လမ်းလေးကို သီဆိုခဲ့တဲ့ နေရာမှာ မပီပြင်မှုတွေကို သရော်တဲ့အနေနှင့် ရေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရဲနောင်ဟာ Myanmar Idol မှ bottom ထိုင်ခဲ့ရပြီး နှုတ်ထွက်သွားခဲ့ရပါတယ်။ ယခုအချိန်မှာတော့ Wild Card chance ကိုရဖို့စောင့်နေတယ်လို့သိရပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။