ဇာတ်ကားတစ်ကားရိုက်တဲ့အခါ မင်းသားမင်းသမီး တွေသာမကဘဲ ဇာတ်ပို့ဇာတ်ရန်ဗီလိန်လူကြမ်းတွေ အားလုံးဟာ ကိုယ်ကျရာနေရာကို သရုပ်ပေါ်အောင်ပုံဖော်သရုပ်ဆောင်ကြရပါတယ် ။ မင်းသားမင်းသမီးတွေအတွက် သရုပ်ဆောင်တာပီပြင်ရင် ချစ်တဲ့ပရိတ်သတ်တွေတိုးပွားလာမှာပေမယ့် လူကြမး်သရုပ်ဆောင်တွေအတွက်ကတော့ သရုပ်ဆောင်တာကောင်းလေလေ လူမုန်းခံရလေလေပါ ။ သို့ပေမယ့်လဲ လူကြမ်းသရုပ်ဆောင်တွေဟာ ၀ါသနာနဲ့ ဝမ်းရေးအတွက် လူမုန်းခံရတာကို ဂရုမစိုက်နိုင်ဘဲ သူတို့ရဲ့တာဝန်ကျေပွန်အောင် အပီပြင်ဆုံးကြိုးစားသရုပ်ဆောင်ကြပါတယ် ။ ယခုခေတ်မှာတော့ ရုပ်ရှင်ထဲမှာ လူကြမ်းပေမယ့် တကယ့်ပြင်ပဘဝမှာ စိတ်မကြမ်းတဲ့ လူကြမ်းတွေရဲ့ဘဝကို နားလည်ပေးနိုင်လာကြပါပြီ ။ အရင်ခေတ်က လူကြမ်းသရုပ်ဆောင်ကြီးတစ်ယောက်နဲ့ အမှတ်မထင် ဆုံခဲ့ရတဲ့ Lagoon Eain ဆိုတဲ့ အကောင့်ပိုင်ရှင်က သူရဲ့အတွေ့အကြုံကို လူမှုကွန်ယက်ကတစ်ဆင့်ပြောပြထားပါတယ် ။

" အဘိုးကြီးတစ်ယောက်ကို
ဆိုင်ရှင်မောင်းထုတ်နေလို့
ကြည့်မိတော့ လူကြမ်းသရုပ်ဆောင်ကြီး
ဦးဝင်းမောင် ခေါ် ဦးအောင်စည်ဖြစ်နေတယ်
သူသောက်ချင်စားချင်တာလုပ်ပေးလိုက်ပါကွာ
ငါရှင်းပေးပါ့မယ်ဆိုပြီး ခေါ်ထိုင်လိုက်တယ်
စကားပြောတွေကအစမူမမှန်တော့ဘူးဆိုတော့လည်း
သူ့ကိုခေါ်မရိုက်ကြတော့ဘူးထင်ပါရဲ့
ရယ်လိုက်ငိုလိုက်နဲ့
ဘာဖြစ်ဖြစ် သူတို့ဟာ အနုပညာသမားတွေလေ
အဲသလိုမမြင်ချင်ဘူး
ကိုယ့်အဖေအရွယ်လောက်ရှိတယ်
ဘယ်လိုမှသဘောမထားပါနဲ့
ကန်တော့တာပါဆိုပြီး တတ်နိုင်သလောက်ပေးခဲ့တယ်
လှူတာမဟုတ်ပါဘူး ဂါရဝပြုတာပါ
သူ့ငယ်ဘဝလေးနားထောင်ရတာပေါ့
သူ့ပုံဟောင်းလေးတွေပြတယ်
ဆိုင်ရှင်တွေတော့ဘယ်ကြည်မလဲ " တဲ့ ...

ဘဝရဲ့နေဝင်ချိန်မှာ အသက်ရှင်နေထိုင်ဖို့အရေးကြီးဆုံး ဝမ်းရေးအတွက်ပါခက်ခဲနေပုံရပါတယ် ။ အဖေအရွယ် အဘိုးအရွယ် အနုပညာရှင်တစ်ယောက်ကို ဒီလိုအနေအထားနဲ့တွေ့ရတာ စိတ်မကောင်းစရာပါ ...
အခက်အခဲတွေကြားက ဇရာထောင်းနေတဲ့ အမေ့ခံအဘိုးအိုတစ်ယောက် ဆေးသားပြယ်လွင့်နေတဲ့ဓါတ်ပုံထဲက ပုံရိပ်လေးတွေကို ဖမ်းဆုပ်ရင်းမြန်မာရုပ်ရှင်လောကကို တစ်ထောင့်တစ်နေရာကနေဖြည့်ဆည်းပေးခဲ့တဲ့ အတိတ်ကိုပြန်လည်ပြီးအမှတ်ရနေလေဦးမလား ဆိုတာကိုတော့ ... ရုပ်ရှင်လောကသားအချင်းချင်းပဲ ကိုယ်ချင်းစာနားလည်နိုင်တော့မှာပါ ...

Source : Lagoon Eain's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။