နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Palmကတော့ သူတို့ရဲ့ ပထမဆုံး ANDRID ဖုန်းကို စတင်မိတ်ဆက်လိုက်ပီပဲ ဖြစ်ပါတယ်။ ဒီဖုန်းလေးဟာ အခြားစမတ်ဖုန်းတွေလိုမျိုး မျက်နှာပြင်အရွယ်အစား ကြီးကြီးမားမား မဟုတ်ပဲ လက်ထဲအနေတော်ကိုင်လို့ ရတဲ့ ချစ်စရာအရွယ်အစားလေးကြောင့် လတ်တလောမှာ လူကြိုက်များနေတဲ့ ဖုန်းလေးပဲ ဖြစ်ပါတယ်။ 

ဒီဖုန်းလေးရဲ့ မျက်နှာပြင်ကိုတော့ Gorilla Glass 3နဲ့ ဖုံးအုပ်ထားပြီး အရှေ့ရော အနောက်ရော နှစ်ခုစလုံးပါဝင်ပါတယ်။ CPU ပိုင်းမှာဆိုရင်တော့ Snapdragon 435 ကိုသုံးထားပြီး RAM အနေနဲ့ကတော့ 3GB RAMကို အသုးပြုပေးထားပါတယ်။ Memory ပိုင်းမှာဆိုရင်တော့ 32 GB ပမာဏရှိပြီး မျက်နှာပြင်အရွယ်အစားကတော့ ၃.၃လက်မပဲရှိပါတယ်။  

ကင်မရာပိုင်းကိုကြည့်ရင်တော့ နောက်ကျောဘက်မှာ 12MP ကင်မရာအရည်အသွေးနဲ့ ဖြစ်ပြီး အရှေ့ဘက်မှာတော့ 8-megapixel selfie ကင်မရာကို သုံးထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ 8000mAh ကိုအသုံးပြုပေးထားပြီး ရေစိုခံတဲ့ အဆင့်ကလည်း IP68 အဆင့်ရှိပြီး ရေဒဏ်နဲ့ ဖုန်ဒဏ်ကို ခံနိုင်တယ်လို့ သိရပါတယ်။ ဒီဖုန်းလေးကို ဒေါ်လာ ၃၀၀ သတ်မှထားပြီး နိုဝင်ဘာလ၂ရက်နေ့မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။