ကလေးတွေဟာ အနာဂတ်အတွက် ကြယ်ပွင့်လေးတွေပါ။ သူတို့ဖွံ့ဖြိုးကြီးထွား ဉာဏ်ရည်ကောင်းမှ တိုင်းပြည် ကြီးပွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို သေချာဂရုစိုက်ရမှာဖြစ်ပါတယ်။ တွေ့တာကို ဝယ်စား ကြမယ် ကျွေးမယ်ဆိုရင်တော့ ကလေးအတွက် ကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်ပါတယ်။ဒါကြောင့် ကလေးတွေကို ကျန်းမာရေးနှင့်ညီတဲ့ အစားသောက်တွေကို ကျွေးပေးပါ။ ကျွေးရင်လည်း တစ်နေကုန် ထိုင် စားမနေပါစေနဲ့နော်။ အဲလိုဆိုရင်တော့ ကလေးတွေဟာ အဝလွန်ခြင်းကို ခံစားရပါလိမ့်မယ်။

အထူးသဖြင့် ပရိုတင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီး အသား နို့ စတဲ့အာဟာရဓာတ်များကို ကျွေးပေးဖို့လိုပါ တယ်။နှံစားသီးနှံ တွေကိုစားပေးပါ၊ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီ ကိုစားပေးနိုင်ပါတယ်။ ဒိန်ခဲဟာ လည်း ပရိုတင်း ကိုရရှိစေပါတယ်။ ဒိန်ချဉ်ကတော့ ကယ်စီယမ်ကြွယ်ဝစေပါတယ်။ ပြီးတော့ ကန်စွန်းဥ ကတော့ ဗီတာမင် A B6 C ဖော်လစ်အက်စစ် တို့ကိုရရှိစေတယ်။ 

နောက်အမျိုးကတော့ မြေပဲ ထောပတ်၊ ဘယ်ရီသီး၊ တွေကိုစားပေးပါ။ကျွေးတဲ့အခါလည်း နေ့လည် ၊မွန်းလွဲ ၊ စတဲ့အချိန်တွေကို သတ်မှတ်ပြီး အချိန်မှန်ကျွေးပေးရပါမယ်။ ကလေးကြီးထွားစေဖို့ အစားသောက်တစ်ခုတည်း မဟုတ်ပါဘူး ကစားတဲ့အချိန်တွေကိုလည်း ပေးထားရပါမယ်။ ကလေးတွေဟာ ဆော့ကစားပေးမှ ကြီးထွား ဖွံ့ဖြိုး လာမှာဖြစ်ပါတယ်။ 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။