ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ လူပေါင်းများစွာရှိတဲ့ထဲမှာတော့ အံ့ဖွယ်စူပါ ပါဝါတွေပိုင်ဆိုင်ထားတဲ့သူတွေလည်းများစွာရှိနေကြပါတယ်။

သူတို့တွေဟာ သာမန်လူတွေမှာဘယ်လိုမှမရရှိနိုင်တဲ့ အစွမ်းသတ္တိတွေပိုင်ဆိုင်ထားကြသလို သူတို့လုပ်ပြသလိုလိုက်လုပ်ဖို့ဆိုတာကလည်း သာမန်လူတွေအဖို့လုံးဝမဖြစ်နိုင်တဲ့ကိစ္စတွေပါပဲ။

ဒီလူတွေများစွာထဲမှာမှ ပရိသတ်တွေအတွက် ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ Tim Cridland လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးအကြောင်းပဲဖြစ်ပါတယ်။ 

သူဟာ မွေးလာထဲကနေ မည်သို့သောနာကျင်မှုကိုမှ မခံစားရတဲ့ လူသားတစ်ဦးပဲဖြစ်ပါတယ်။ ဒီလိုအံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ကတော့ သူ့ရဲ့စွမ်းအားတွေကို လူအများသိအောင်ချပြမှုတွေများစွာပြုလုပ်ခဲ့ပါတယ်။

သူလုပ်ပြခဲ့တာတွေကတော့ သူ့ရဲ့အသားတွေလက်တွေကို သံချွန်တွေနဲ့ ထုတ်ချင်းပေါက်အောင်ထိုးပြတာတွေပါဝင်သလို သံချွန်တွေအပြည့်စိုက်ထားတဲ့လမ်းမပေါ်မှာ လှဲအိပ်ပြီး အပေါ်ကနေ ကားတစ်စီးကိုဖြတ်မောင်းပြခိုင်းခဲ့တာက လူတွေသူ့ကိုအများဆုံးစိတ်ဝင်စားလာကြတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။  

Tim Cridland ဟာ သူ့ရဲ့အသားကိုသံချွန်တွေနဲ့ဖောက်တိုင်းမှာ ထူးခြားမှုတစ်ခုအနေနဲ့ဆိုရင်တော့ သွေးတစက်မှမထွက်တာပဲဖြစ်သလို သူ့အနေနဲ့ မည်သို့သောနာကျင်မှုကိုမှမခံစားရတာပါပဲ။

သူရဲ့အသားတွေကိုဖောက်ပြတဲ့အခါမှာဆိုရင်လည်း တချက်တည်းနဲ့ ထုတ်ချင်းပေါက်အောင်ဖောက်တာမဟုတ်ဘဲ ဖြေးဖြေးချင်း ထိုးပြီးဖောက်ပြတာဆိုတော့ ကြည့်နေရင်းနဲ့တောင် ကြက်သီးမွေးညှင်းတွေထွသွားနိုင်လောက်ပါတယ်။

သူ့လုပ်ပြတဲ့အရာတွေဟာ ဘယ်လောက်တောင်မှ ကြက်သီးထစရာကောင်းလဲဆိုတာ ပရိသတ်တွေမျက်မြင်ကိုယ်တွေ့ကြည့်ရှုနိုင်စေဖို့အတွက် သူ့ရဲ့မှတ်တမ်းဗီဒီယိုလေးတွေကိုပါဖော်ပြပေးလိုက်ပါတယ်။

source - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။