အားနည်းသူဟာ အားကြီးသူရဲ့အစာဖြစ်သွားနိုင်တယ်ဆိုတဲ့စကားလေးအတိုင်းပါပဲ ၁၂ ပေလောက်ရှည်လျားတဲ့မြွေကြီးတစ်ကောင်ဟာ ခွေးလေးတစ်ကောင်ကိုမြိုဖို့ကြိုးစားနေတဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပြုံနှံ့လာခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံက နေအိမ်တစ်ခုအတွင်းမှာဖြစ်ပွားခဲ့သလို ခွေးလေးရဲ့အော်ဟစ်ရုန်းကန်မှုတွေကြောင့် အိမ်ရှင်တွေသတိထားမိသွားပြီး အခုလိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ 

အဲ့ဒီနောက်မှာတော့ အိမ်ရှင်တွေဟာ ကယ်ဆယ်ရေးအလုပ်သမားတွေကို ဖုန်းဆက်အကြောင်းကြားပြီး ခွေးလေးကို စပါးအုံးမြွေကြီးရန်ကနေ ကယ်တင်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ မြွေကြီးကို ဒုတ်တွေနဲ့တွန်းထုတ်ပြီး ရစ်ပတ်ထားမှုကို ဖြည်ရန်ကြိုးစားခဲ့ပြီး အမှီးကနေဆွဲကာ ခေါင်းကိုဒုတ်တွေနဲ့ထိန်းထားပြီး အိမ်ရှေ့ကိုဆွဲထုတ်သွားခဲ့ပါတယ်။ 

ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ခွေးလေးကို စပါးအုံးမြွေကြီးရဲ့ မြိုချလုနည်းနည်းအခြေအနေကနေ ကယ်တင်နိုင်ခဲ့ပေမယ့် ခွေးလေးကတော့ မြွေကြီးရဲ့ရစ်ပတ်မှုဒဏ်တွေကြောင့် သေဆုံးပြီးသားဖြစ်နေပြီပဲဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ခွေးလေးဟာ သူ့မှာဘာအပြစ်မှမရှိပေမယ့် အားကြီးတဲ့စပါးအုံးမြွေကြီးရဲ့သားကောင်ဖြစ်လာတဲ့အခါမှာတော့ ဘာမှမတတ်နိုင်ဘဲ သူရဲ့အသက်ပါသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ခွေးလေးကို မြိုချဖို့ကြိုးစားခဲ့တဲ့ မြွေကြီးကတော့ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ လွှတ်ပေးမှုနဲ့ တောထဲဝင်ရောက်ပြောက်ကွယ်သွားတယ်လို့သိရပါတယ်။ 

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။