ကမ္ဘာ့နိုင်ငံများစွာရှိ ကလေး၊ လူကြီးများစွာခံစားနေရတဲ့ ရောဂါဝေဒနာတွေကတော့အများကြီးပဲရှိပါတယ်။ အဆိုပါရောဂါဝေဒနာတွေထဲမှာ မွေးရာပါဝေဒနာသည်တွေနဲ့အတူ ထိခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဝေဒနာရှင်များစွာလည်း ရှိတာတွေ့ရပါတယ်။ အဆိုပါမွေးရာပါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေထဲမှာ ပြည်တွင်းရှိ ကလေးငယ်များစွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။   

ဒီကနေ့ မွေးရာပါ ဝေဒနာတစ်ခုကြောင့် ခွဲစိတ်ကုသရန်အခတ်တွေ့နေရတဲ့ ၄လသားကလေးငယ်တစ်ဦးရဲ့ အဖြစ်ကိုတော့ ပရိသတ်တွေလည်း အမြင်ပဲဖြစ်မယ်ထင်ပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ ဆင်းရဲတဲ့ လယ်သူရင်းငှားမိသားစုလေးမှမွေးဖွားလာတဲ့ ကလေးတစ်ဦးဖြစ်ပြီး ဦးခေါင်းပေါ်ရေအိတ်တည်နေကြောင်းသိရပါတယ်။ ကလေးငယ်လေးရဲ့ ရောဂါဝေဒနာကတော့ ပထမတစ်ကြိမ်ခွဲစိတ်ခဲ့ဖူးပေမယ့် ပြန်လည်ကြီးထွားလာတာကြောင့် ဒုတိယအကြိမ်ထပ်မံခွဲစိတ်ရခြင်းဖြစ်ကြောင်းသိရပါတယ်။  

အဆိုပါ ကလေးငယ်လေးနဲ့ပတ်သက်ပြီး စေတနာရှင်တစ်ဦးကတော့" ထမင်းဝေနေတုန်း လာယူတဲ့ အမျိုးသမီး ချီလာတဲ့ ကလေးလေးက ခေါင်းပေါ်မှာ အရေအိတ် အကြီးကြီးနဲ့တွေ့လို့မေးကြည့်တာ။ ကလေးက ခုမှ ၄လ အမည်တောင်မပေးရသေးဘူး ပထမအကြိမ်ခွဲပြီးသား ခုကပြန်ကြီးလာလို့။ ဒီရက်ပိုင်းခွဲရမယ်ပြောတယ် အဖေက လယ်သူရင်းငှား ကလေး ၃ယောက် နဲ့ အဆင်လည်းသိပ်မပြေဘူးဆိုတာသိလို့ ၁သိန်းလှူပေးခဲ့ပါတယ်။ ကလေးလေးက စကားတွေပြောလိုက်နဲ့ စလိုက်ရင် တအားပျော် တအားမျက်နှာကြည် ချစ်စရာ ယောက်ကျားလေးပါ။" ဟူ၍ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မွေးရာပါ အဖြစ်ဆိုးကြီးတစ်ခုကို ခံစားနေရတဲ့ ၄လသားကလေးငယ်လေးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။