ခုခေတ်မှာ Gym နဲ့ ယောဂ ဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ခန္ဓာကိုယ်အချိုးစားကျကျ နည်းမှန်လမ်းမှန် ဖြစ်စေတဲ့ ကစားနည်းဆိုလည်း မမှားပါဘူး။ဒီအထဲမှာ ယောဂ ကတော့ အိပ်ရေးပျက်ခြင်း အိပ်ရေးမဝခြင်းတွေကို ပျောက်ကင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်ကူဖြစ်စေပါတယ်။အိပ်ရေးမဝခြင်း အိပ်ရေးပျက်ခြင်းက လူတွေကိုများစွာထိခိုက်စေပါတယ်။ ကျန်းမာရေးကိုအထူးထိခိုက်စေတယ်။အိပ်ရေးပျက် ခြင်းက စိတ်ကျရောဂါ တွေကိုလည်းနောက်ဆက်တွဲအနေနှင့် ခံစားရမှာဖြစ်လို့အိပ်စက်အနားယူဖို့ လိုအပ်ပါ တယ်။

ပြီးတော့အိပ်ရေးပျက်ခြင်းကြော်င့ နှလုံးထိခိုက်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ အဝလွန်ခြင်းတို့ကို ခံစားရမှာဖြစ် ပါတယ်။ဒါကြောင့် ယောဂကျင့်ပါလို့ပဲ ပြောချင်ပါတယ်။ ဒီယောဂ ကျင့်စဉ်နဲ့ ဦးနှောက်နဲ့ ဘယ်လိုပတ်သက်နေ လဲဆိုရင် ဦးနှောက်ကို သွေးလည်ပတ်မှုကောင်းအောင် ပင်ပန်းတာတွေ သက်သာအောင်၊ ကူညီပေးပါလိမ့် မယ်၊အရမ်းကောင်းတာတစ်ခုကတော့ သွေးဆုံးတဲ့အမျိုးသမီးတွေ အနေနဲ့ ယောဂကျင့်ပေးသွားမယ်ဆိုရင် သွေးဆုံးကိုင် ဝေဒနာတွေ ပျေက်ကင်းစေပါလိမ့်မယ်။

ယောဂ ဟာအကြောတင်းခြင်း၊ ဇတ်ကြောတက်၊ ခေါင်းကိုက်၊ ခါးနာ၊ ဒူးနာ၊ ဝေဒနာတွေ အမျိုးသမီးတွေ အတွက် အထူးသင့်လျော်တဲ့ ယောဂကို ကျင့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင့်။ ယောဂကျင့်ခြင်းဖြင့် တစ်နေ့ကုန်လည်း လန်းဆန်းစေတယ်။ တက်ကြွစေတယ်၊ အာရုံစူးစိုက်မှုပိုကောင်းတယ်။ အိုးမင်ရင့်ရော်ခြင်း ကိုလည်း ကာကွယ်ပေးတယ်။ အသားရည်လျော့တွဲခြင်းတွေကို ပျေက်ကင်းစေတယ်။ 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။