ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးဖန်တီးထားတဲ့ “ပထမထပ်ဟန်းနီးမွန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၇ ခုနှစ်၊ မတ်လ၌ မြန်မာတစ်နိုင်ငံလုံးရှိရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။အဆိုပါဇာတ်ကားကို Power King ရုပ်ရှင်ထုတ်လုပ်ရေးကစီစဉ်တင်ဆက်ပြီး အဓိကသရုပ်ဆောင်များအဖြစ် ဇေရဲထက်၊ ဖွေးဖွေး၊ ရဲအောင် နှင့် စိုးမြတ်သူဇာတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။
အဆိုပါဇာတ်လမ်းနှင့်ပတ်သတ်ပြီး ဒါရိုက်တာညိုမင်းလွင်ဟာ သတိပေးချက်အချို့ကို သူ၏ Facebook စာမျက်နှာမှတဆင့်ကြေငြာထားပါတယ်။ ကြည့်ရှုအားပေးသူများကိုယ်တိုင်ပေါကားဟုတ်၊ မဟုတ်ဆုံးဖြတ်နိုင်ရန် ကိုယ်တိုင်လာရောက်ကြည့်ရှုစေလိုကြောင်း၊ ပေါကားဖြစ်နေပါက ငွေပြန်အမ်းမည်မဟုတ်သဖြင့် ဖန်တီးသူများကိုမေတ္တာပို့နိုင်ပြီး မိမိကြည့်မရသူတွေကို သွားကြည့်ရန်ချောက်ချနိုင်ကြောင်း၊အကယ်၍ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာစွာဖြင့် အမှန်တကယ်ရယ်မောပျော်ရွှင်ရပါက မိမိချစ်ခင်သူများကို ကြည့်ရှုရန်ပြန်လည်တိုက်တွန်းနိုင်ကြောင်း စတဲ့အချက်တွေပါဝင်တဲ့ သတိပေးချက်တွေကို မတ်လ ၁ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ကဲ ဒါဆိုရင် ဖွေးဖွေး နဲ့ ဇေရဲထက် တို့ရဲ့ ထုံးစံအတိုင်းအမှန်အကန်ရယ်ရမလား။ ဒါရိုက်တာ ညိုမင်းလွင် ရဲ့ ဆန်းသစ်တဲ့ဖန်တီးမှုတွေကို ထပ်တွေ့ရမလား။ ကြည့်နေကြမြန်မာကားတို့ထုံးစံအတိုင်း ပေါကားလမ်းစဉ်လိုက်မလား ဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြရအောင်နော်။
Trailer ကိုအောက်ဆုံးမှာ ကြည့်နိုင်ပါတယ်။
သတင်းအရင်းမြစ် Trailer
သတင်းအရင်းမြစ် Source
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။