ဒီကနေ့မနက်က အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့ကနေ ထွက်ခွာသွားတဲ့ Lion Air လေကြောင်းပိုင် ခရိးသည်တင်လေယာဉ်တစ်စီးဟာ ထွက်ခွာသွားပြီးပြီးချင်း သိပ်မကြာခင်မှာတင် ဘာကြောင့်မှန်းမသိဘဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

၎င်းလေယာဉ်ဟာ Lion Air လေကြောင်းဘိုးရင်း ၇၃၇ လေယာဉ် ဖြစ်ပြီး ခရီးစဉ်အမှတ် JT-610 နဲ့ ဂျကာတာကနေ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကမ်းရိုးတန်းမှာရှိတဲ့ ဘန်ကာဘီလီတန်ကျွန်း ၊ ပန်းကယ်လ် ပီနန်းမြို့ကိုထွက်ခွာသွားတဲ့လေယာဉ်ပဲဖြစ်ပါတယ်။  

၎င်းလေယာဉ်ဟာ ထိန်းချုပ်ရေးတင်တာနဲ့ ဒေသစံတော်ချိန် ၇နာရီနဲ့မိနစ် ၃၀ လောက်မှာအဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်သလို လေကြောင်းတာဝန်ရှိသူတွေဟာ flight watch app တစ်ခုဖြစ်တဲ့ Flight Trader 24 နဲ့ခြေရာခံကြည့်တဲ့အခါမှာတော့ ၎င်းလေယာဉ်ရဲ့တည်နေရာကို Java အတွင်းမှာနောက်ဆုံးတွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာ သူတို့တွေ့ရှိခဲ့တဲ့ နေရာအနီးတဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်တဲ့အခါမှာတော့ လေယာဉ်အစိတ်အပိုင်းအချို့နဲ့ ခရီးသည်တွေရဲ့ ပစ္စည်းအချို့တို့ကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် လေယာဉ်ပေါ်မှာလိုက်ပါသွားတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကိုတော့ အစအနတောင်ရှာလို့မတွေ့ရှိကြသေးပါဘူးလို့သိရပါတယ်။

အခုအချိန်မှာတော့ ရှာဖွေကယ်ဆယ်ရေးတွေအပြင်းအထန်ပြုလုပ်နေပေမယ့် နိုင်ငံအတွင်းက မီဒီယာတွေမှာတော့ လေယဉ်ပေါ်လိုက်ပါသွားတဲ့ အမှုထမ်းတွေနဲ့ ခရီးသည်တွေအတွက် အင်မတန်မှဝမ်းနည်းကြေကွဲရပါတယ်လို့ဖော်ပြနေတာတွေ့ရပါတယ်။

source -Aeronews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။