ပရိသတ်အားလုံးစောင့်မျှော်နေကြတဲ့ အောင်လအန်ဆန်းကတော့ အကောင်းဆုံးရလဒ်တွေနဲ့အတူ ပရိသတ်တွေကို ပြုံးပျော်စေခဲ့တာအားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ ရှုံးပွဲမရှိ MMA ဖိုက်တာ မိုဟာမက်ကာရကီကို ပထမအချီမိနစ်ပိုင်းအတွင်းမှာပဲ အလဲထိုးလက်သီးချက်တွေနဲ့ အနိုင်ယူခဲ့မှုကိုတော့ ပြည်တွင်း မြန်မာလူမျိုးတိုင်းရဲ့ စိတ်ကိုထိုးနှိုးဆော်စေခဲ့ပြီး ကြက်သီးထစရာပွဲတစ်ပွဲကိုလည်း ပြသနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။  

အောင်လအန်ဆန်းနှင့် မိုဟာမက်ကာရာကီတို့ရဲ့ ပွဲကို မြန်မာနိုင်ငံအနှံ့အပြားရှိတိုင်းရင်းသားပေါင်းစုံ ကြည့်ရှု့အားပေးခဲ့ကြပြီး အောင်လရဲ့အောင်ပွဲကြောင့် ကျေနပ်ပီတိဖြစ်ခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ အားပေးကြည့်ရှု့သူတွေထဲမှာ ကိုယ်ရောစိတ်ပါအားပေးခဲ့တဲ့ အဘွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးမှာတော့ အောင်လအန်ဆန်းပွဲလာစဉ်အားပေးရာမှာ ကိုယ်တိုင်စိတ်ပါဝင်စားလုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ လက်ရှိ ကြည့်ရှု့သူ သုံးသိန်းနီးပါးဖြစ်လာတဲ့အဆိုပါ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Vedio - Chraimime Dramios

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။