မကြာခင်မှာ ဆောင်းရာသီ ကိုဝင်ရောက်တော့မှာဖြစ်တဲ့အတွက် အအေးမိတာတွေ နှာစေး၊ နှာပိတ်တာတွေ ဆိုတာအနည်းနဲ့အများတော့ဖြစ်မှာပါပဲ။ ဆိုတော့ အဲ့လိုတွေမဖြစ်အောင်ဂရုစိုက်လို့ရပေမယ့် တကယ်လို့များရုတ်ရက်ဖြစ်လာခဲ့ရင် အလွယ်ဆုံးနဲ့အမြန်ဆုံးပျောက်ကင်းအောင်လုပ်နိုင်တဲ့ နည်းလမ်း(၇)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အရည်တမျိုးမျိုးသောက်ပါ။ ရေလည်းသောက်လို့ရပါတယ်။ ဒါ့အပြင် အားဖြည့်အချိုရည်၊ သစ်သီးဖျော်ရည်၊ ဂျင်းပြုတ်ရည်၊ စွပ်ပြုပ်စတာတွေလည်းသောက်သုံးလို့ရပါတယ်။

၂။ ရေနွေးငွေ့ရှူပါ။ အငွေ့တထောင်းထောင်းထနေတဲ့ရေနွေးမှ အငွေ့ကိုရှူခြင်းဟာ နှာပိတ်ခြင်း နှာစေးခြင်းတို့ကို တစ်ခဏနဲ့ပျောက်ကင်းစေနိုင်ပါတယ်။

၃။ နှာရည်/နှပ် များအားညှစ်ထုတ်ပစ်ပါ။ စီးကျလာသောနှာရည်/နှပ်များ အားအထဲသို့ပြန်ရှုံ့မသွင်းပါနဲ့။ ညှစ်ထုတ်ပစ်လိုက်ခြင်းဟာ နှာရည်ယို ခြင်းကို အမြန်ဆုံးပျောက်ကင်းစေနိုင်တဲ့အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။

၄။ နွေးနွေးထွေးထွေး နေပြီး အနားယူပါ။ အအေးမိတာတွေ နှာစေးနှာပိတ်တာတွေအတွက် အနားယူတယ်ဆိုတာက တကယ်ကြီးကိုအရေးကြီးပါတယ်။ အအေးမိပြီး ဖြစ်တတ်တဲ့ရောဂါတွေကို ချေဖျက်ပစ်ဖို့အတွက် energyတွေကို အနားယူခြင်းကနေတိုက်ရိုက်ရရှိနိုင်ပါတယ်။

၅။ ဆားရည်နဲ့ ပလုပ်ကျင်းပါ။ မပူမအေး ကြက်သီးနွေးရေထဲ ဆားကိုလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပြီး တနေ့ကို (၄) ကြိမ် ပလုပ်ကျင်းပေးပါ။ ပါးစပ်နံတာလည်းပျောက်သလို အအေးမိခြင်းမှလည်းကာကွယ်ပေးနိုင်ပါသေးတယ်။

၆။ ရေနွေးသောက်ပါ။ ရေနွေးသောက်ခြင်းဟာ အသက်ရှူကြပ်တာအပြင် နှာခေါင်းနဲ့လည်ချောင်းတွင်းယောင်ရမ်း နာကျင်တာတွေကိုလည်းသက်သာစေပါတယ်။ ပျားရည်တဇွန်းနဲ့ ဝီစကီတပတ်ကို ရောသောက်ပေးလျှင်လည်း နှာခေါင်းနဲ့လည်ချောင်းမြှေးပါးများယောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ညညအိမ်မပျော်ဖြစ်တတ်တဲ့သူတွေအတွက် ရှေးဟောင်းနည်းတခုဖြစ်တဲ့ ဓနိရွက်ကို ပြုတ်ပီး လက်ဖက်ရည်ကြမ်းအဖြစ်သောက်သုံးနိုင်ပါတယ်။

၇။ ခေါင်းအုံးနှစ်လုံးဆင့်ပြီးအိပ်ပါ။ မကြာခဏနှာပိတ်တဲ့အခါ မိမိအိပ်စက်မှုပုံစံကို သတိထားကြည့်ပါ။ ခေါင်းအုံးတစ်လုံးထက် နှစ်လုံးဆင့်ပြီး အိပ်ခြင်းကနှာပိတ်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Source:www.webmd.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။